DVB Logo
Home
မြန်မာသတင်း
စိုက်ပျိုးစရိတ်ချေးငွေ မရသည့်အတွက် လယ်သမားများ နစ်နာ
DVB
·
September 25, 2012
စိုက်ပျိုးစရိတ်ချေးငွေ မရသည့်အတွက် လယ်သမားများ နစ်နာ
Donate to DVB

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ ပျဉ်းမနားလမ်း၊ ရွာမအုပ်စုမှာ စိုက်ပျိုးစရိတ်ချေးငွေနဲ့ ပတ်သက်ပြီး နစ်နာဆုံးရှုံးမှုတွေ ရှိတယ်လို့ လယ်သမားတွေက ပြောပါတယ်။

စိုက်ပျိုးစရိတ်ချေးငွေတွေကို ဩဂုတ် ၂၃ ရက်နေ့က ရွာမရပ်ကျေးဥက္ကဋ္ဌ ဦးစီးဦးဆောင်မှုနဲ့ လယ်လုပ်သူတောင်သူတွေကို ထုတ်ချေးခဲ့တာပါ။

ဒီလိုထုတ်ချေးခဲ့ရာမှာ လက်ဝယ်သီးစားလယ် လုပ်ကိုင်ခြင်းမရှိတဲ့ သူတွေကိုလည်း ထုတ်ချေးခဲ့တဲ့ အတွက် အမှန်တကယ် လယ်လုပ်ကိုင်သူအများစု ချေးငွေ မရတဲ့အတွက် နစ်နာခဲ့ကြတယ်လို့ ဒက္ခိဏမြို့နယ် ရွာမကျေးရွာအုပ်စု လယ်သမား ဦးတင်ထွန်းက ပြောပါတယ်။

ချေးငွေကိစ္စနဲ့ပတ်သက်ပြီး စိုက်ပျိုးစရိတ်လိမ်ညာထုတ်ခဲ့သူတွေ၊ စိုက်ပျိုးစရိတ်ထုတ်ယူ ရရှိရေး ဆောင်ရွက်ပေးခဲ့တဲ့ ရွာမရပ်ကျေးဥက္ကဋ္ဌနဲ့ ဘဏ်ကော်မတီတို့ကို အရေးယူပေးဖို့  ဩဂုတ် ၂၉ ရက်နေ့မှာ နိုင်ငံတော်သမ္မတ၊ နေပြည်တော်ကောင်စီနဲ့ အာဏာပိုင်အဆင့်ဆင့်ကို အကြိမ်ကြိမ်တိုင်ကြားခဲ့ပေမယ့် အရေးယူဆောင်ရွက်ပေးခြင်း မရှိဘူးလို့ ဦးတင်ထွန်းဦးက ပြောပါတယ်။

“၃၁ ရက်နေ့နဲ့ ၁ ရက်နေ့တွေမှာ စစ်ဆေးပြီးတော့ ဘာမှ အရေးယူဆောင်ရွက်မှု မရှိကြဘူး။ စစ်ဆေးရာမှာ အဖြစ်မှန်ပေါ်ပေါက်မှုတွေလည်း ရှိတယ်။ သူတို့နာမည်တွေနဲ့ ထုတ်တဲ့အတွက် သူတို့ဟာ တကယ်တမ်းကျတော့ တောင်သူမဟုတ်ဘူး။ လယ်ပိုင်လည်း မရှိဘူး။ သူတို့နာမည်တွေနဲ့ထုတ်တာ အကုန်လုံး စစ်ဆေးတွေ့ရှိပြီးသား။”

နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေတွေကို အောက်ခြေအာဏာပိုင်တွေက အခုလို အလွဲသုံးစားလုပ်နေတာကို နိုင်ငံတော်သမ္မကြီး အပါအ၀င် တာဝန်ရှိသူတွေအနေနဲ့ ပြေလည်အောင်ဖြေရှင်းပေးဖို့ လယ်သမားတွေက လိုလားနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013