DVB Logo
Home
မြန်မာသတင်း
မင်းလှမြို့နယ်  ပြည်တွင်းအခွန်ဌာနအရာရှိ ၂ ဦးကို အဂတိလိုက်စားမှုဖြင့်အရေးယူ  
DVB
·
February 6, 2019
မင်းလှမြို့နယ်  ပြည်တွင်းအခွန်ဌာနအရာရှိ ၂ ဦးကို အဂတိလိုက်စားမှုဖြင့်အရေးယူ  
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနက မြို့နယ် ဦးစီးဌာနမှူး ဒုဦးစီးမှူး ဦးခင်မောင်သန်းနဲ့ ဒုဦးစီးမှူး ဒေါ်အေးအေးခိုင်တို့ကို  အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့အမှုဖွင့် အရေးယူလိုက်တယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ကော်မရှင်က ထုတ်ပြန်ပါတယ်။

၂၀၁၇-၁၈ ခုနှစ်အတွင်းက မင်းလှမြို့မှာ တိုက်အိမ်ဆောက်လုပ်မှုနဲ့  ပတ်သက်ပြီး မင်းလှမြို့နေ နစ်နာသူက ပြည်တွင်းအခွန် ဦးစီးဌာနသို့ အခွန်စည်းကြပ်ငွေ အချိန်မီ ပေးသွင်းခဲ့ ပေမယ့် ပေးသွင်းရန်ငွေထက် ပိုမိုတောင်းခံတာ၊ အိမ်ငှားရမ်းရာမှာလည်း အိမ်ငှားရငွေအပေါ် အခွန်ငွေအဖြစ် ခြိမ်းခြောက်ငွေတောင်းခံနေလို့ အရေးယူပေးဖို့ ကော်မရှင်ထံ တိုင်ကြားခဲ့တဲ့အမှု ဖြစ်ပါတယ်။

ဒီတိုင်စာကို ကော်မရှင်က စုံစမ်းစစ်ဆေးခဲ့ရာမှာ ဒုဦးစီးမှူး ဦးခင်မောင်သန်းနဲ့ ဒေါ်အေးအေးခိုင်တို့ဟာ မင်းလှမြို့၊ အမှတ်(၇)ရပ်ကွက်၊ မြို့သစ်(၂)လမ်း နေအိမ်နဲ့ ပတ်သက်ပြီး လူကြီးတွေကို ဂါရဝပြုဖို့နဲ့  ခရီးစရိတ်အဖြစ် အိမ်ပိုင်ရှင်ထံက ငွေကျပ် ၁၀ သိန်း၊ မင်းလှမြို့နယ် ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့ (၅)ဖွဲ့သို့ သွားရောက် လက်မှတ်ရေးထိုးခအဖြစ် ငွေကျပ် ၂၃၀၀၀ဝ ရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြို့သစ် (၁၃)လမ်း နေအိမ်ငှားတာနဲ့ စပ်လျဉ်းပြီး စည်းကြပ်ဝင်ငွေခွန်အဖြစ် ငွေကျပ် ၁၇သိန်း တောင်းခံရယူခဲ့ပေမယ့်  မြန်မာ့စီးပွားရေးဘဏ်ပြေစာအရ စည်းကြပ် ဝင်ငွေခွန် စုစုပေါင်းပေးသွင်းငွေဟာ ကျပ် ၁၂၃၈၈၀ဝသာ ဖြစ်လို့ ကျန်တဲ့ ပိုငွေ ကျပ် ၄၆၁၂၀ဝကို  လည်း လက်ခံရယူခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုရာထူး တာဝန်ကို အလွဲသုံးစားပြုပြီး အဂတိ လိုက်စားမှု ကျူးလွန်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်လို့ ဦးခင်မောင်သန်းနဲ့ ဒေါ်အေးအေးခိုင် တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ မင်းလှမြို့မရဲစခန်းမှာ ဖေဖော်ဝါရီ ၅ ရက်က  ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ် တရားစွဲ အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ ကော်မရှင် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013