DVB Logo
Home
မြန်မာသတင်း
မြစ်ဆုံစီမံကိန်း ထာဝရရပ်ဆိုင်းရန် ကချင်လူထုဆန္ဒပြမည်
DVB
·
February 6, 2019
မြစ်ဆုံစီမံကိန်း ထာဝရရပ်ဆိုင်းရန် ကချင်လူထုဆန္ဒပြမည်
Donate to DVB

မြစ်ဆုံရေကာတာစီမံကိန်း အပြီးအပိုင်ဖျက်သိမ်းပေးဖို့အတွက်  ကချင်ပြည်နယ် လူထုတွေက မနက်ဖြန်မှာ ဆန္ဒပြကြဖို့ရှိ အစီအစဉ်ရှိနေပါတယ်။

ဧရာဝတီမြစ်ဟာ မြန်မာနိုင်ငံရဲ့ သမိုင်း၊ ယဉ်ကျေးမှုအမွေအနှစ်နဲ့ လူမှုစီးပွားရေး ဘဝတခုလုံး ကျောရိုးပြုရာအသက်သွေးကြောမကြီး ဖြစ်သလို  မြစ်ဆုံဟာလည်း အစားထိုးမရ တန်ဖိုးမဖြတ်နိုင်တဲ့ ကချင်လူမျိုးတွေရဲ့ အထွဋ်အမြတ်ထားရာနေရာ ဖြစ်ပါတယ်။

လက်ရှိ တရုတ်နိုင်ငံဘက်ကနေပြီးမြစ်ဆုံစီမံကိန်း ပြန်စနိုင်ဖို့ လုပ်ဆောင်တဲ့အပေါ်မှာ ကချင်လူထုတွေက ကန့်ကွက်တဲ့အနေနဲ့ အခုလို ဆန္ဒပြမှာဖြစ်တယ်လို့ မြစ်ဆုံဒေသခံပြည်သူ တွေရဲ့ ပြောခွင့်ရသူ ဦးနော်အောင်က ပြောပါတယ်။

“အဓိကကတော့ တကျော့ပြန် မြစ်ဆုံကို ပြန်ပြီး တရုတ်ဘက်က တော်တော် ကြိုးစားလာတဲ့ အပိုင်းတွေ့ရှိတဲ့အချိန်မှာ ပြည်သူလူထုက ဒေသခံပြည်သူနဲ့ ကချင်ပြည်နယ်သူ ပြည်နယ်သားတွေ က ဒါလုံးဝ မြန်မာတနိုင်ငံလုံးနဲ့အတူတကွ မြစ်ဆုံရေကာတာ စီမံကိန်းကို လုံးဝ သဘောမတူဘူး ဆိုတဲ့အကြောင်းနဲ့ ရာသက်ပန်ရပ်ဆိုင်းချုပ်ငြိမ်းရေးပေါ့။ ဒီအတွက် ကျနော်တို့က ဆန္ဒဖော်ထုတ်ခြင်း ဖြစ်တာပေါ့နော်။ ”

ဒီဆန္ဒထုတ်ဖော်ပွဲကို မနက်ဖြန် ဖေဖော်ဝါရီ ၇ ရက်နေ့မြစ်ကြီးနားမှာ ပြုလုပ်မှာဖြစ်ပြီး မြစ်ကြီးနားနဲ့ ၀ိုင်းမော်မြို့တွေက အဖွဲစုံ၊ ဘာသာပေါင်းစုံနဲ့ အလွှာပေါင်းစုံက လူထုတွေ ပါဝင်ဆန္ဒထုတ်ဖော် ကြမယ်လို့လည်း ဦးနော်အောင်က ပြောပါတယ်။

ကချင်ပြည်နယ်မှာ တည်ဆောက်မယ့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းဟာ အရင်အစိုးရ လက်ထက်ကတည်းက ရပ်တန့်ထားတဲ့စီမံကိန်းဖြစ်ပါတယ်။

ဒါပေမယ့် တရုတ်သံအမတ်ဟာ ကချင်ပြည်နယ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလက သွားရောက်ခဲ့ပြီး ကချင်ဒေသခံတွေအနေနဲ့ မြစ်ဆုံစီမံကိန်းကို ကန့်ကွက်တာမရှိဘူးလို့ ခရီးစဉ်အပြီးမှာ တရုတ်သံရုံးက ထုတ်ပြန်ခဲ့လို့  ဒီစီမံကိန်း ပြန်စမှာကို စိုးရိမ်ပြီး နယ်ပယ်စုံက ပညာရှင်တွေနဲ့ ပြည်သူတွေအကြား ကန့်ကွက် မှုတွေ မြင့်တက်လာနေတာပါ။

မြစ်ဆုံစီမံကိန်းကို တည်ဆောက်မှာနဲ့ ပတ်သက်ပြီး ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေကို   ရန်ကုန်မြို့အပါအ၀င် နိုင်ငံအနှံ့က မြို့တွေနယ်တွေမှာလည်း ဆက်တိုက်ပြုလုပ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013