DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါလာသည့် စစ်ရဟတ်ယာဉ် အရေးပေါ်ဆင်းသက် (ရုပ်သံ)
DVB
·
February 6, 2019
ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါလာသည့် စစ်ရဟတ်ယာဉ် အရေးပေါ်ဆင်းသက် (ရုပ်သံ)
Donate to DVB

နိုင်​ငံ​တော်​အတိုင်​ပင်​ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ​စီးနင်းလိုက်​ပါတဲ့ တပ်မတော်ရဟတ်​ယာဉ်​ဟာ ဟိုက်​ဒ​ရောလစ်​ဆီ ယိုစိမ့်​မှု​ကြောင့် ဒီကနေ့ ရှမ်းပြည်နယ် မိုင်းတုံမြို့မှာ မြေပြင်ပေါ် အ​ရေး​ပေါ် ပြန်​လည်​ ဆင်းသက်​ခဲ့ရပါတယ်။

ဒေါ်​အောင်​ဆန်းစုကြည်​ စီးနင်းလိုက်​ပါတဲ့ တပ်​မ​တော်​ ရဟတ်​ယာဉ်​ဟာ မိုင်းဆတ်ကိုသွားဖို့ မိုင်းတုံမှပြန်​တက်​ပြီး သုံးမိနစ်​အကြာမှာ ဟိုက်​ဒ​ရောလစ်​ဆီယိုစိမ့်တဲ့အတွက် အ​ရေး​ပေါ် ပြန်​လည်​ဆင်းသက်​ခဲ့ရတာလို့ လုံခြုံ​ရေးအဖွဲ့​ခေါင်း​ဆောင်​က​ ပြောပါတယ်။

“မိုင်းတုံမြို့နယ်​​ ထွေအုပ်​ခန်းမမှာ ပြည်​သူလူထုနဲ့ ​တွေ့ဆုံပြီး မိုင်းဆတ်​မြို့ကို ပြန်​လည်​ထွက်​ခွာဖို့ ပျံသန်းချိန်​မှာ ပိုင်း​လော့က ဆီယိုစိမ့်နေတာ​ကြောင့် ဆက်​လက်​ပျံသန်းဖို့ မဖြစ်​နိုင်​ဘူးဆိုပြီး ပြန်​လည်​ဆင်းသက်​ခဲ့ရတာပါ”

အဆိုပါအ​ရေး​ပေါ်ကိစ္စရပ်​​ကြောင့် နိုင်​ငံ​တော်​အတိုင်​ပင်​ခံပုဂ္ဂိုလ်​ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှမ်းပြည်​နယ်​ဝန်​ကြီးချုပ် ဒေါက်တာလင်းထွဋ်တို့ဟာ အရန်​လိုက်​ပါလာတဲ့ ရဟတ်​ယာဉ်​တ​စီးကို​ ပြောင်း​ရွှေ့စီးနင်းကာ  မိုင်းဆတ်​မြို့ကို အန္တရာယ်​ကင်းစွာ သွားရောက်နိုင်ခဲ့ပါတယ်။

ဆီယိုစိမ့်ခဲ့တဲ့ ရဟတ်​ယာဉ်​ကတော့ မိုင်းတုံ​လေယာဉ်​ကွင်းမှာ ​ ရပ်​နားထားခဲ့ရပါတယ်​။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရှမ်းပြည်နယ် ခရီးစဉ်သွားရောက် နေတာဖြစ်ပြီး မနေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှာ ဒေသခံလူထုတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီကနေ့ မနက်မှာတော့ ကျိုင်းတုံမြို့ မြို့တော်ခန်းမမှာ လူထုနဲ့ တွေ့ဆုံခဲ့ပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံ တာဆန်းတံတား တည်ဆောက်မှု ပန္နက်ရိုက်ပွဲအခမ်းအနားကို လည်း တက်ရောက်ခဲ့ပါတယ်။

သတင်း- ​အောင်​​ဇေယျ(မိုင်းတုံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013