DVB Logo
Home
မြန်မာသတင်း
သတင်းထောက်အစစ်ဟုတ်မဟုတ် မီဒီယာကောင်စီ စိစစ်မည်  
DVB
·
February 6, 2019
သတင်းထောက်အစစ်ဟုတ်မဟုတ် မီဒီယာကောင်စီ စိစစ်မည်  
1 / 2
Donate to DVB

ပြည်တွင်းသတင်းမီဒီယာသမားတွေထဲမှာ သတင်းထောက် အယောင်ဆောင် ငွေတောင်း ယူတာတွေနဲ့ တခြားပြစ်မှုတွေ ကျူးလွန်တာရှိနေတာကြောင့်  သတင်းထောက်အစစ် ဟုတ်မဟုတ် စိစစ်သွားမယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင်က ပြောပါတယ်။

“ကင်မရာတလုံးလောက်ကိုင်လာတာနဲ့ သတင်းထောက်ဖြစ်ရောလား၊ ဒီလိုတော့ မဖြစ်သင့်ဘူး။ အုတ်ရောရော ကျောက်ရောရောတွေအများကြီးပဲ ဒါတွေကို စိစစ်မှရတော့မယ်” လို့ သတင်း မီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းကြိုင်ကပြောပါတယ်။

သတင်းထောက်တွေကို စိစစ်ဖို့ သတင်းမီဒီယာကောင်စီအနေနဲ့ ပြည်တွင်းမှာ တရားဝင် မှတ်ပုံတင်ထားတဲ့ သတင်းမီဒီယာတိုက်တွေကို မကြာခင်အချိန်အတွင်းမှာ ခေါ်ယူအသိပေးကာ မီဒီယာတိုက်တွေမှာ လုပ်ကိုင်နေတဲ့ သတင်းထောက်စာရင်းကို တောင်းခံသွားမှာလို့ ဆိုပါတယ်။

အခုလို ဆောင်ရွက်ရတာဟာ သတင်းမီဒီယာအမည်ခံပြီး ပြည်သူတွေဆီကနေ ခြိမ်းခြောက်ငွေကြေးတောင်းခံနေတဲ့ မှုခင်းသတင်းထောက်တွေရဲ့ အင်အားများပြားလာတာကို ဟန့် တားနိုင်ဖို့နဲ့  မီဒီယာကောင်စီမှာ ပါဝင်တဲ့ ဥပဒေအတိုင်း ဆောင်ရွက်ရတာလို့ ဆိုပါတယ်။

မီဒီယာကောင်စီအဖွဲ့ဝင်  The Voice Weekly ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက “ကောင်စီဥက္ကဋ္ဌက ဒီလိုဆောင်ရွက်မယ်ပြောပေမယ့် ကောင်စီမှာတော့ ဒါကို တရားဝင် လုပ်ဆောင်ဖို့ မဆုံးဖြတ်ရသေးပါဘူး။ ကောင်စီအနေနဲ့က ဒီကိစ္စအစား တခြား မီဒီယာဖွံ့ဖြိုးဖို့ကိစ္စတွေ အများကြီးဆောင်ရွက်ဖို့ရှိပါတယ်။ အခုချိန်မှာ ကောင်စီအနေနဲ့လည်း လုပ်နိုင်တဲ့ လူအင်အားလည်း မရှိသေးပါဘူး” လို့ ပြောပါတယ်။

အခုလို သတင်းထောက်တွေကို စိစစ်ဖို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ဆောင်ရွက်မယ့် ကိစ္စအပေါ် လက်ရှိမီဒီယာကောင်စီဟာ သတင်းမီဒီယာသမားတွေကို ဘယ်လောက်ကိုယ်စားပြုသလဲဆိုပြီး မေးခွန်းထုတ်ပြောဆိုတာတွေလည်း ရှိနေပါတယ်။

ကောင်စီကို အခုလိုစာရင်းပေးပို့မှသာ ကောင်စီအနေနဲ့ သတင်းသမားတွေနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေကို ဆောင်ရွက်ရာမှာ ပိုအဆင်ပြေနိုင်မယ်လို့  မီဒီယာ ကောင်စီ ဥက္ကဋ္ဌ ဦးအုန်းကြိုင်က ပြောပါတယ်။

“သတင်းထောက်အမည်ခံပြီး လုပ်စားနေတဲ့ သူတွေအများကြီးပဲ။ မြန်မာပြည်မှာက သတင်းထောက်အမည်ခံပြီး ဖွတာတွေကော၊  စွတာတွေကော အများကြီးပဲ။ အဲ့ဒါတွေ အကုန်လုံးကို တရားဝင် စိစစ်ဖို့ကခက်ခဲတယ်။ ဒါ့ကြောင့် ဒီတိုက်တွေက ပို့လာတဲ့စာရင်းကို မီဒီယာကောင်စီက လက်ခံစိစစ်ပြီး  အတည်ပြုပေးရင်တော့ တရားဝင်မယ် ဒါ တကယ့် သတင်းထောက်ပဲ။ ဒီနည်းလမ်းပဲ ရှိမယ်”

မီဒီယာကောင်စီကို ပေးပို့ရမယ့် သတင်းထောက်တွေစာရင်းထဲမှာ အွန်လိုင်းမီဒီယာ၊ ပုံနှိပ်မီဒီယာ၊ သတင်းစာ၊ဂျာနယ်နဲ့ ဖျော်ဖြေရေးမီဒီယာတွေပါဝင်ပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက် ကောင်စီကို စာရင်းပေးပို့ရမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013