DVB Logo
Home
မြန်မာသတင်း
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲထားသည့်အမှုပေါင်း ၂၀ ကျော် ရှိနေ
DVB
·
February 6, 2019
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲထားသည့်အမှုပေါင်း ၂၀ ကျော် ရှိနေ
Donate to DVB

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)နဲ့  အစိုးရ၀န်ထမ်းတွေဘက်က ပြည်သူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို တရားစွဲဆိုထားတာ အမှုပေါင်း ၂၀ ကျော် ရှိနေပါပြီ။

ဆက်သွယ်ရေးဥပဒေပြင်ဆင်ပြီးနောက်ပိုင်း တရားစွဲဆိုကြတဲ့ အမှုတွေထဲမှာ အွန်လိုင်းပေါ်ကနေ အသရေဖျက်မှုကြောင့် ပုဒ်မ ၆၆(ဃ)နဲ့စွဲဆိုနေကြတာ အများစု ဖြစ်ပြီး ဒီဥပဒေမှာ ပြည်သူတွေရဲ့လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေကို ချိုးဖောက်ခံရတယ်လို့ အသံအဖွဲ့က အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခကပြောပါတယ်။

ရန်ကုန်တက္ကသိုလ်မှာ ကွန်ပြူတာသိပ္ပံ ဒီပလိုမာသင်တန်းတက်ရောက်နေတဲ့ အမြင်အာရုံ မသန်စွမ်းတဲ့ ကျောင်းသားတဦးကို ရပ်ကွက်အတွင်း ခြင်ဆေးဖြန်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သူ့ရဲ ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာရေးတင်ခဲ့တာကြောင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်တိုင်ကြားခံထားရပါတယ်။

ဒါ့အပြင် အဆိုပါမသန်စွမ်းကျောင်းသားအသုံးပြုနေတဲ့ ကွန်ပြူတာကို ရဲစခန်းက သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခဲ့ပါတယ်။

ဆက်သွယ်ရေးဥပဒေကို ၂၀၁၃ ခုနှစ်မှာ စတင်ပြဋ္ဌာန်းခဲ့ပေမယ့် အားနည်းချက်တွေ ရှိတာကြောင့် ၂၀၁၇မှာ အနည်းငယ်ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။ အခုအချိန်ထိ တရားစွဲဆိုတဲ့ အမှုပေါင်း ၂၀၀နီးပါးရှိနေတယ်လို့ အသံ (လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့)က ထုတ်ပြန်ထားပါတယ်။

ပုဒ်မ ၆၆ (ဃ) ရှိနေသရွေ့ အွန်လိုင်းပေါ်မှာ အကြီးအကဲအရာရှိတွေနဲ့ အစိုးရမူဝါဒတွေ အပေါ်ဝေဖန်နေကြတဲ့ မြန်မာနိုင်ငံသားတွေဟာ မိမိတို့ရဲ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ပိုင်ခွင့်ကို ငြိမ်းချမ်းစွာကျင့်သုံးတာကြောင့် ထောင်ကျခံရမယ့်အန္တရာယ်ကို ဆက်လက် ရင်ဆိုင်နေရမှာဖြစ်တဲ့အတွက် ဒီပုဒ်မကို ဖျက်သိမ်းပေးဖို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်း တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေက တောင်းဆိုထားပါတယ်။

စုစု

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013