DVB Logo
Home
မြန်မာသတင်း
မင်းသား မိုးအောင်ရင်အမှု အယူခံ အပြီးသတ်လျောက်လဲချက်ကြားနာမည်  
DVB
·
February 6, 2019
မင်းသား မိုးအောင်ရင်အမှု အယူခံ အပြီးသတ်လျောက်လဲချက်ကြားနာမည်  
Donate to DVB

မူးယစ်ဆေးဝါးမှုနဲ့ ထောင်ဒဏ်ကျခံနေရတဲ့ ရုပ်ရှင်သရုပ်ဆောင် မိုးအောင်ရင်အမှု အယူခံကို ရန်ကုန်တိုင်းဒေသကြီး ခရိုင်တရားရုံးကနေ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ အပြီးသတ် လျှောက်လဲချက်ကြားနာသွားဖို့ ရှိပါတယ်။

သရုပ်ဆောင်မိုးအောင်ရင်အမှုနဲ့ ပတ်သက်ပြီး မိသားစုဝင်တွေက  ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့ကတည်းက ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်တရားရုံးမှာ အယူခံဝင်ထားခဲ့တာ ဖြစ်ပါတယ်။

၂ဝ၁၆ ခုနှစ် သြဂုတ် ၂၉ ရက်က မိုးအောင်ရင်ကို ပုဇွန်တောင်မြို့နယ်ရှိ သူ့ ရည်စားနေအိမ်မှာ ရဲတပ်ဖွဲ့ကသွားရောက် ဖမ်းဆီးခဲ့ရာမှာ အိုက်စ်မူးယစ်ဆေးဝါး ၁ ဂရမ်နဲ့ အတူ ဖမ်းမိခဲ့တာပါ။

သရုပ်ဆောင်မိုးအောင်ရင်ကို ပုဇွန်တောင်မြို့နယ်တရားရုံးကနေ မူးယစ်ပုဒ်မ ၁၅ နဲ့ ထောင်ဒဏ် ၃ နှစ်၊ ပုဒ်မ ၁၆(ဂ)နဲ့ ထောင်ဒဏ် ၅ နှစ် တပေါင်းတည်း ကျခံစေဖို့ အမိန့်ချမှတ် ထားပြီး ပုဒ်မ ၁၉(က) ကိုတော့ အရှေ့ပိုင်းခရိုင်တရားရုံးမှာ ဒီဇင်ဘာ ၁၂ နှစ်ရက်က အမိန့်ချမှတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013