DVB Logo
Home
မြန်မာသတင်း
၂၀၁၈ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တွင် ယာဉ်မတော်တဆဖြစ်၍ လူ ၁၇၀ ဦးသေဆုံး
DVB
·
February 6, 2019
၂၀၁၈ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တွင် ယာဉ်မတော်တဆဖြစ်၍ လူ ၁၇၀ ဦးသေဆုံး
Donate to DVB

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ရခိုင်ပြည်နယ်တခုလုံးမှာ ယာဉ်မတော်တဆမကြောင့် သေဆုံးသူ ၁၇၀ ဦးရှိပြီး ယာဉ်မတော်တဆမှုပေါင်း ၄၂၉ မှု ဖြစ်ပွားခဲ့တယ်လို့ ပြည်နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့က ပြောပါတယ်။

ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့တဲ့အထဲမှာ ကားနဲ့ တခြားယာဉ်မတော်တဆမှုတွေဟာ နည်းပါးပေမယ့်မတော်တဆမှုတိုင်းလိုလိုမှာ ဆိုင်ကယ်ပါဝင်မှုနှုန်းများပြားနေတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ဆိုင်ကယ်တွေကို စည်းမဲ့ကမ်းမဲ့မောင်းတာတွေကြောင့် အသက်ဆုံးရှုံးမှုတွေ ပိုမိုများပြားလာရတာလို့လည်း  ပြည်နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့က ပြောပါတယ်။

ယာဉ်တိုက်မှုတွေလျှော့ချစေဖို့ သက်ဆိုင်ရာက အသိပညာပေးတာတွေ အရှိန်အဟုန်နဲ့ ဆောင်ရွက်နေပေမယ့် ပြည်သူတွေ လူထုတွေ အနေနဲ့ လိုက်နာမှု အားနည်းတာကြောင့် အခု လို ယာဉ်မတော်တဆတွေ မြင့်တက်လာတာလို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာတော့ ယာဉ်မတော်တဆမှု ၄၁၄ မှု၊ သေဆုံးသူ ၁၄၉ ဦးနဲ့ ဆုံးရှုံးမှုတန်ဖိုးက ကျပ်သိန်းပေါင်း ၁၃၀၀ ကျော်ရှိခဲ့ပါတယ်။

ဒဏ်ရာရရှိသူစာရင်းတွေကို နှိုင်းယှဉ်ကြည့်ရင်တော့ ၂၀၁၇ ခုနှစ်မှာ ၆၆၄ ဦး ရှိခဲ့ပြီး  ၂၀၁၈ ခုနှစ်မှာ ၆၃၀ ဦးသာ ရှိခဲ့တာကို တွေ့ရပါတယ်။

သတင်း-ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013