DVB Logo
Home
မြန်မာသတင်း
တရုတ်ကတင်သွင်းသည့် ကြက်သားမျှင်များတွင် ဆိုးဆေးနှင့် ဝါဂွမ်းလိုအစများပါဝင်နေ
DVB
·
February 5, 2019
တရုတ်ကတင်သွင်းသည့် ကြက်သားမျှင်များတွင် ဆိုးဆေးနှင့် ဝါဂွမ်းလိုအစများပါဝင်နေ
Donate to DVB

တရုတ်နိုင်ငံကနေ တရားမဝင် တင်သွင်းလာတဲ့ အသင့်စားကြက်သားမျှင်တွေကို  စစ်ဆေးကြည့်ရာမှာ ဆိုးဆေးတွေပါနေတဲ့အပြင် ဝါဂွမ်းတွေလိုဖြစ်နေလို့ ကြက်သားအစစ် မဖြစ်နိုင်ဘူးလို့ စားသုံးသူရေးရာ ဦးစီးဌာန ဒုညွှန်မှူးတယောက်က ပြောပါတယ်။

လားရှိုးနဲ့ သိန်းနီအကြား ရေပူစစ်ဆေးရေးစခန်းကနေ ဖမ်းဆီးမိထားတဲ့ အကောက်ခွန်မဲ့ ကုန်ပစ္စည်းတွေကို မနေ့ မီးရှို့ဖျက်ဆီးခဲ့ပြီး အဲဒီထဲမှာ တရားမဝင် စားဆီတွေ၊ ဆေးဝါး၊ အလှကုန်ပစ္စည်းတွေနဲ့အတူ ကြက်သားမျှင် အထုပ်ကြီး ၂၀ လည်း ပါခဲ့တာပါ။

အက်ဖ်ဒီအေ ခွင့်ပြုချက်မပါတာကြောင် တားဆီးတာဖြစ်ပြီး ဖျက်ဆီးမယ့် ပစ္စည်းတွေမှာ လည်း ကြက်သားမျှင်တွေပါလာတာတွေ့လို့ စမ်းသပ်စစ်ဆေးကြည့်ခဲ့တာလို့ ရှမ်းပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာန ဒု ပြည်နယ်မှူး ဦးဇော်မင်းသန်းက ပြောပါတယ်။

“သေချာဓာတ်ခွဲစမ်းတာတော့ မဟုတ်ဘူးပေါ့လေ။ အထုပ်ကိုဖောက်ပြီး ရေထဲမှာ စိမ်ကြည့်တော့ ဆိုးဆေးတွေကြောင့် ရေပါ အရောင်ပြောင်းသွားတယ်။ ပြီးတော့ အမျှင်တွေကို ရေနဲ့ ချေကြည့်တော့လည်း ဝါဂွမ်းမျှင်တွေလိုပဲ။ ကြက်သားတော့ မဖြစ်နိုင်ဘူး။ ကျနော်တို့ ဒါတွေကို ဖျက်ဆီးတာက အက်ဖ်ဒီအေ ထောက်ခံချက်မရှိတဲ့၊ သွင်းကုန်လိုင်စင်မရှိတဲ့ ပစ္စည်းတွေဖြစ်လို့ပါ။ တကယ်ပဲ ဘာတွေ ပါဝင်နေလဲ ဆိုတာကတော့ ဓာတ်ခွဲခန်းမှာ စစ်ဆေးမှ ရပါမယ်”

ဖေဖော်ဝါရီ ၄ ရက်နေ့က ၄၅ ကြိမ်မြောက်အဖြစ် ဖမ်းဆီးခဲ့တဲ့ တရားမဝင် အကောက်ခွန်မဲ့ ပစ္စည်းပေါင်း ကျပ်သိန်း ၈၀၀ ဖိုးကို ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

အရင်ကလည်း စားသောက်ကုန်ထုတ်လုပ်ငန်းတွေကို ပညာပေးထားခဲ့ပေမယ့် အခု ဒီလို ပစ္စည်းတွေ ထပ်ဖမ်းမိနေတာကြောင့် သက်ဆိုင်ရာ ဌာနတွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့နဲ့ ပြန်ပြီး စစ်ဆေးဖို့ အစီအစဉ်ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013