DVB Logo
Home
မြန်မာသတင်း
ဒေးဒရဲမြို့နယ်တွင် ဖခင်ဖြစ်သူက သမီးအရင်းကို အကြိမ်ကြိမ်အဓမ္မပြုကျင့်မှုဖြစ်ပွား
DVB
·
February 5, 2019
ဒေးဒရဲမြို့နယ်တွင် ဖခင်ဖြစ်သူက သမီးအရင်းကို အကြိမ်ကြိမ်အဓမ္မပြုကျင့်မှုဖြစ်ပွား
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ သင်ပေါင်းချောင်ကျေးရွာအုပ်စုမှာ သမီးအရင်းကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့မှုနဲ့ အမျိုးသားတဦးကို ရဲတပ်ဖွဲ့က အမှုဖွင့် စစ်ဆေး နေပါတယ်။

ဒေးဒရဲမြို့နယ်၊ သင်ပေါင်းချောင် ကျေးရွာအုပ်မှာ သက်ငယ်မုဒိမ်းသတင်းအရ ဒေးဒရဲမြို့နယ်၊ မြို့မစခန်းမှူး ဒုရဲမှူးကျော်ဇံနဲ့ အဖွဲ့ဟာ ကျေးရွာအုပ်ချုပ်ရေးမှူးဦးသန်းဦးတို့နဲ့အတူ ဖော်ဖော်ဝါရီ ၄ ရက် မနက်ပိုင်းက အခင်းဖြစ်ရာသို့ သွားရောက်စစ်ဆေးခဲ့ပါတယ်။

စစ်ဆေးရာမှာ အဓမ္မပြုကျင့်ခံရတဲ့ မိန်းကလေးရဲ့ မိခင်ဟာ လွန်ခဲ့တဲ့ ၃ နှစ်လောက်က ကွယ်လွန်ခဲ့တဲ့အကြောင်းနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလပိုင်းမှာ သမီးဖြစ်သူဟာ မောင်နှမသုံးယောက်နဲ့ အတူ နေအိမ်အရှေ့ခန်း ခြင်ထောင်အတွင်း အိပ်နေစဉ် ဖခင်ဖြစ်သူ ဦးမြင့်ကြိုင်က ခြင်ထောင်ထဲ ဝင်လာပြီး အဓမ္မပြု ကျင့်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ပါတယ်။

ဖခင်ဖြစ်သူဟာ အဓမ္မ ပြုကျင့်ခဲ့ပြီးနောက် အခြားသူတွေကို ပြန်ပြောရင် ရေနှစ်သတ်မယ်လို့ ခြိမ်းခြောက်ကာ တရက်ခြားတကြိမ် စုစုပေါင်း  ၆ ကြိမ်လောက် သမီးဖြစ်သူကို အဓမ္မ ပြုကျင့်ခဲ့တယ်လို့ လည်း ရဲတပ်ဖွဲ့ စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

ဒေးဒရဲ မြို့နယ်ရဲစခန်းက မှုခင်းဆေးစာနဲ့ ဒေးဒရဲ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ဆေးရုံက လက်ခံစစ်ဆေးခဲ့ပြီး ဒေးဒရဲမြို့နယ် ရဲစခန်းက  ဖခင်ဖြစ်သူ ဦးမြင့်ကြိုင်ကို ရာဇသတ်ကြီး ပုဒ်မ-၃၇၆/၅၀၆ နဲ့ အမှုဖွင့် စစ်ဆေးနေ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013