DVB Logo
Home
မြန်မာသတင်း
ဝက်နှစ်ကိုကူးပြောင်းတဲ့ ဆွေမျိုးပေါက်ဖော် နှစ်သစ်ကူး (ဓာတ်ပုံအက်ဆေး)
DVB
·
February 5, 2019
ဝက်နှစ်ကိုကူးပြောင်းတဲ့ ဆွေမျိုးပေါက်ဖော် နှစ်သစ်ကူး (ဓာတ်ပုံအက်ဆေး)
1 / 9
Donate to DVB

တရုတ်လူမျိုးတွေဟာ မြန်မာပြည်ကို ပုဂံခေတ်ကတည်းက ရောက်ရှိလာကြတာပါ။ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့ဟာ ရှည်လျှားတဲ့ နယ်နိမိတ်ထိစပ်ရှိတဲ့ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်ကြပြီး မြန်မာတို့နဲ့ ဆွေမျိုးပေါက်ဖေါ် ဆက်ဆံရေး ရှိကြပါတယ်။

ဒီနှစ် ၂၀၁၉ခုနှစ် တရုတ်နှစ်ကူးဟာ တရုတ်ရိုးရာ ပြက္ခဒိန် အရ ခွေးနှစ်ကနေ ၀က် နှစ်ကို ကူးပြောင်းတဲ့ နှစ်ဖြစ်ပါတယ်။

၁၉၃၅၊ ၁၉၄၇၊ ၁၉၅၉၊ ၁၉၇၁၊ ၁၉၈၃၊ ၁၉၉၅၊ ၂၀၀၇၊ ၂၀၁၉နဲ့ ၂၀၃၁ ခုနှစ်တွေမှာ မွေးဖွားသူတွေဟာ ၀က်နှစ်မွေးဖွားသူတွေဖြစ်ကြပါတယ်။

တရုတ် ရှေးဟောင်းပုံပြင်အရ ကျောက်စိမ်းဧကရာဇ်မင်းကြီးဟာ ၁၂ နှစ်တာကာလ အတွက် တိရစ္ဆာန် ၁၂ ကောင်ကို အစောင့်ချထားဖို့ တာဝန်ပေးသတဲ့။

ပထမမြောက်နှစ် နေရာမှာ ခွေး၊ ဒုတိယမြောက်နှစ် နေရာမှာ မျောက်၊  တတိယမြောက်နှစ် နေရာမှာ နွား စသဖြင့် နဂါး၊ ကြွက်၊ ကြက်၊ ဆိတ်၊ မြွေ၊ မြင်း၊ ယုန်နဲ့ ကျား တို့ဟာ နေရာအသီသီးမှာ အလုအယက် ရယူထားလိုက်ကြပါတယ်။

ဝက် ကတော့ နောက်ဆုံးမှ ရောက်လာလို့ သူကို နောက်ဆုံး ဒွါဒသမ နှစ်မြောက်မှာ နေရာ ချထားပေးခဲတာလို့ဆိုပါတယ်။

ဝက်နှစ်မှာမွေးသူတွေဟာ ယုတ္တိကျကျ စဉ်းစားလေ့ရှိတယ်။ အခက်အခဲနဲ့ ပြဿနာတွေကြားမှာ ရှင်သန်နိုင်တယ်။ ဆက်ဆံရေးကောင်းတယ်။ မိသားစုကို ကြင်နာ တတ်တယ်။ ကြွယ်ဝ ချမ်းသာသူတွေ ဖြစ်တတ်ကြတယ်။ သဘောထားပျော့ပြောင်းလွန်းသူတွေ ဖြစ်လေ့ရှိတယ်လို့ဆိုပါတယ်။

ဝက်ရုပ်ကို ကြွယ်ဝ ချမ်းသာခြင်းရဲ့အမှတ်လက္ခာ အဖြစ်မှတ်ယူကြတယ်။ ၀၀ ကစ်ကစ် ဖေါင်းမို့မို့ မျက်နှာနဲ့ ကြီးမားတဲ့ နားရွက်တွေက ကံကောင်းခြင်းကို ကိုယ်စားပြုတယ်လို့ တရုတ်လူမျိုးတို့ ယုံကြည်ကြတယ်။

သူနဲ့ မိတ်ဖက်တွေက ကျားနှစ်မှာ မွေးဖွားသူတွေဖြစ်တယ်။ သူနဲ့ မိတ်ဖက်အုပ်စုတွေက ယုန်နှစ်နဲ့ ဆိတ်နှစ် မှာမွေးသူတွေ ဖြစ်တယ်။ ၀က်နဲ့ ရန်ဖက်တွေကတော့ မြွေနှစ် မှာ မွေးသူတွေဖြစ်တယ်လို့ ဆိုတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013