DVB Logo
Home
မြန်မာသတင်း
ဒေါ်နန္ဒမာလာ၏ ကျန်းမာရေးအခြေအနေကြောင့် အမှုစစ်ဆေးနိုင်ခြင်းမရှိဘဲ ရပ်နား
DVB
·
February 5, 2019
ဒေါ်နန္ဒမာလာ၏ ကျန်းမာရေးအခြေအနေကြောင့် အမှုစစ်ဆေးနိုင်ခြင်းမရှိဘဲ ရပ်နား
Donate to DVB

ထန်ဏီဝင်းပြည့် (ခေါ်) ဒေါ်နန္ဒမာလာရဲ့ ကျန်းမာရေးအခြေအနေကြောင့် ဖေဖော်ဝါရီ ၅ ရက်မှာ ရုံးချိန်းကို အပြီးစစ်ဆေးနိုင်ခြင်းမရှိဘဲ တရားရုံးက ရပ်နားခဲ့ပြီး ဖေဖော်ဝါရီ ၁၅ ရက်နေ့ကို ပြန်လည်ချိန်းဆိုခဲ့ပါတယ်။

လက်ရှိဒေါ်နန္ဒမာလာရဲ့ကျန်းမာရေးအခြေအနေဟာ မကြာခဏတက်တဲ့ ရောဂါဖြစ်နေတဲ့ အတွက် စိတ်ကျန်းမာရေးဆေးရုံကိုပြနေရတယ်လို့လည်း ပြောဆိုနေတာတွေ ရှိပါတယ်။

ဒီလိုကျန်းမာရေးအကြောင်းပြပြီး ရုံးချိန်းတွေ ကြံ့ကြာနေတဲ့အတွက် တရားလိုဘက်က နစ်နာမှုတွေရှိတယ်လို့လည်း တရားလို ဦးနေမျိုးနိုင်က ရုံးချိန်းအပြီး မီဒီယာတွေရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်ကတည်းက ပေးထားတဲ့ ကျပ်သိန်းတသောင်း အာမခံကိုတော့ အခု သုံးကြိမ်မြောက် ရုံးချိန်းမှာလည်း တင်ပြနိုင်ခြင်း မရှိသေးပါဘူး။

လာမယ့် ဖေဖော်ဝါရီ ၁၅ ရက်နေ့ကိုတော့ အာမခံတင်နိုင်အောင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013