DVB Logo
Home
မြန်မာသတင်း
ပျောက်ကွယ်လု တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာယဉ်ကျေးမှု ပြန်ဖော်ထုတ်ရန်ကြိုးပမ်း  
DVB
·
February 5, 2019
ပျောက်ကွယ်လု တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာယဉ်ကျေးမှု ပြန်ဖော်ထုတ်ရန်ကြိုးပမ်း  
Donate to DVB

ရှမ်းပြည်​နယ်​အတွင်း​ ပျောက်ကွယ်​လုနီးပါး တိုင်းရင်းသားလူမျိုးစုတွေရဲ့ ​ရိုးရာယဉ်​​ကျေးမှု ပြန်လည်ေ​​ဖာ်​ထုတ်​နိုင်​ဖို့ ​ ​​ဖေ​ဖော်​ဝါရီ ၄ ရက်​​က တောင်​ကြီးမြို့ ရှမ်းစာ​ပေယဉ်​​ကျေးမှုခန်းမမှာ တိုင်းရင်းသား ရိုးရာယဉ်​​ကျေးမှု ဖလှယ်​ပွဲပြုလုပ်​တာပါ။

ရိုးရာယဉ်ကျေးမှု ဖလှယ်ပွဲကို မေတ္တာ​ဖောင်​​ဒေးရှင်းအဖွဲ့က ဦး​ဆောင်​ စီစဉ်တာဖြစ်ပြီး ဒီ​လို​ပြုလုပ်​​ပေးတဲ့အတွက်​ တိုင်းရင်းသားရိုးရာဓ​လေ့​တွေကို လူသိများလာပြီး တိုင်းရင်းသား အချင်းချင်း ချစ်​ကြည်​ရင်းနီးစွာ အတုတကွယှဉ်​တွဲ​နေထိုင်​နိုင်​မယ်လို့ မေတ္တာ ​ဖောင်​​ဒေးရှင်းအဖွဲ့ဝင်​ ကို​အောင်​မျိုးမွန်ကပြောပါတယ်။

“အဓိကကတော့ ဒီတိုင်းရင်းသားဒေသမှာရှိတဲ့ လူငယ်တွေရော၊ နောက်မျိုးဆက်သစ်တွေ ရော၊ လူကြီးတွေရော၊ အမျိုးသမီးတွေရော သူတို့ဒေသမှာရှိတဲ့ ဒေသမျိုးစေ့တွေ၊ ဒေသအစား အစာတွေ၊ ဒေယဉ်ကျေးမှုတွေကို ပြန်ပြီးတော့ သတိထားမိလာအောင်၊ ပြန်ပြီးတော့ ဖော်ထုတ်လာနိုင်အောင် ကျနော်တို့ လွန်ခဲ့တဲ့ နှစ်လလောကတည်းက သူတို့ဒေသမှာ ပြင်ဆင်တာ ဆိုတော့ ပြန်ပြီးသတိထားမိစေတဲ့ ရည်ရွယ်ချက်တခုနဲ့ ကျနော်တို့လုပ်တယ်။ ဒုတိယတခုကတော့ ဒီဒေသမှာရှိတဲ့ အထူးသဖြင့် ရှမ်းပြည်မှာ တိုင်းရင်းသားလည်းအရမ်းစုံလင်တဲ့အခါမှာ တိုင်းရင်းသားအစုံလာပြီးတော့ သူတို့ရဲ့ ဒေသအစားအစာတွေ၊ ဒေသမျိုးစေ့တွေ၊ ယဉ်ကျေးမှုတွေကို ဖလှယ်ပြီးတော့၊ တယောက်နဲ့တယောက် နားလည်ပြီးတော့ တိုင်းရင်းသား အချင်းချင်းလေးစားတာတွေ ပိုအားကောင်းလာအောင် အပြန်အလှန်နားလည်မှု ပိုအားကောင်းပြီးတော့ ဒီမတူကွဲပြားတဲ့ ငြိမ်း ချမ်းစွာ အတူယဉ်တွဲနေထိုင်တဲ့ အသိုင်းအ၀န်းေ တွဖြစ်လာဖို့ဆိုပြီးတော့ ကျနော်တို့ ရည်ရွယ်ပြီး တော့ လုပ်ဖြစ်တယ်။”

ဒါ့အပြင် တိုင်းရင်းသား​တွေ စိုက်​ပျိုးလုပ်​ကိုင်​တဲ့ဓ​လေ့​တွေ၊ သီးနှံမျိုး​စေ့​တွေနဲ့ ရိုးရာ ယဉ်​​ကျေးမှု​တွေ အပြင်​ ​ဒေသအခက်​ခဲ​တွေကိုလည်း ပြန်​လည်​​ဖော်​ထုတ်​လာနိုင်​ဖို့ ကြိုးစား​နေကြတယ်လို့ ဆိုပါတယ်။

တိုင်းရင်းသားလူမျိုးငယ်​​တွေကြုံတွေ့ ​နေရတဲ့အခက်​ခဲအများစုက​တော့ လမ်းပန်းဆက်​ သွယ်​​ရေး၊ ပညာ​ရေးကျန်းမာ​ရေးတွေအပြင်​ မှတ်​ပုံတင်​ ရရှိ​ရေးမှာလည်း အခက်​ခဲရှိတယ်​လို့သိ ရပါတယ်​။

ရှမ်းပြည်​နယ်​အတွင်း​နေထိုင်​တဲ့ တိုင်းရင်းသားလူမျိုးစု​တွေထဲမှာ တချို့က လူဦး​ရေ ရာဂဏန်း သာကျန်​ရှိပြီး ​ပြောက်​ကွယ်​လုနီးပါးဖြစ်​​နေပြီလို့ သိရပါတယ်​။

တိုင်းရင်းသား​ရိုးရာယဉ်​​ကျေးမှု ဖလှယ်​ပွဲမှာ ရှမ်းပြည်​နယ်​တွင်း ​နေထိုင်​တဲ့ ရှမ်း၊ ပအိုဝ်း၊ တအာင်းပ​လောင်​၊ လားဟူ၊ အာခါ၊ လီဆူ၊ ​မြောင်​ဇီး၊ ယင်းကြား၊ ထ​နော့၊ ဓနု၊ အဲန်းနဲ့ အင်းသား စတဲ့ တိုင်းရင်းသား ၁၂ မျိုးရိုးရာယဉ်​​ကျေးမှု​တွေ ဖလှယ်​ကြတာပါ။

ရိုးရာဖလှယ်​ပွဲကို နှစ်​ရက်​ကျင်းပမှာဖြစ်​ပြီး သူတို့ကြုံ​တွေ့ေ​နရတဲ့ အခက်​ခဲ​တွေကို တိုင်းရင်းသား​ရေးရာဝန်​ကြီးထံ တင်​ပြသွားဖို့ရှိပါတယ်​။

ခွန်​ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013