DVB Logo
Home
မြန်မာသတင်း
ကရင်​နီလူငယ်​များကို ပြည်​နယ်​အန်အယ်လ်ဒီ​ဥက္ကဋ္ဌ ​ခေါ်​ယူတွေ့ဆုံ သပိတ်စခန်းဆက်မဖွင့်ရန် တိုက်တွန်း
DVB
·
February 5, 2019
ကရင်​နီလူငယ်​များကို ပြည်​နယ်​အန်အယ်လ်ဒီ​ဥက္ကဋ္ဌ ​ခေါ်​ယူတွေ့ဆုံ သပိတ်စခန်းဆက်မဖွင့်ရန် တိုက်တွန်း
1 / 6
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကယားပြည်​နယ်​ရုံးရှေ့မှာ ဗိုလ်​ချုပ်​​ကြေးရုပ်​ကို ကန့်​ကွက်ဆန္ဒပြတဲ့အနေနဲ့ ​သပိတ်​စခန်းဖွင့်​​​​​နေတဲ့ ကရင်​နီလူငယ်​ဦး​ဆောင်​​သူ​တွေကို ပြည်​နယ်​ အန်အယ်လ်ဒီ ပါတီဥက္ကဋ္ဌ ဦး​သောင်း​ဌေးက မနေ့ည​နေပိုင်းက ​ခေါ်ယူ​တွေ့ဆုံခဲ့ပါတယ်​။

အခုလို ​တွေ့ဆုံရာမှာ ကရင်​နီလူငယ်​တွေက ဗိုလ်​ချုပ်​​ကြေးရုပ်​ကို ​ရွှေ့​ပြောင်း​ပေး​ရေး၊ ဒီကိစ္စအ​ပေါ် အန်​အယ်​လ်​ဒီပါတီက တာဝန်​​​ယူဖြေရှင်း​ပေး​ရေးနဲ့ ပြည်​နယ်​အတွင်း ပြည်​သူ့ဆန္ဒခံယူ ဖို့ စတဲ့အချက်​ ၃ ချက်​ကို ​တောင်းဆို ​ဆွေး​နွေးခဲ့ပါတယ်​။

ဒီလိုတွေ့ဆုံရာမှာ ပြည်​နယ်​ပါတီဥက္ကဋ္ဌ ဦး​သောင်း​ဌေးက ခုလို ပါတီရုံး​ရှေ့ ကန့်​ကွက်​ သပိတ်​စခန်းဖွင့်​တာဟာ နိုင်​​ငံ​ရေးအမြတ်​ထုတ်​တာဖြစ်လို့ တရားဝင်​ကန့်​ကွက်​​ကြောင်းနဲ့ သပိတ်​စခန်းပိတ်ဖို့ ပြောဆိုခဲ့တယ်​လို့ ကရင်​နီလူငယ်​အင်​အားစု သပိတ်​​ကော်​မတီ ပြောခွင့်ရသူ ကိုဒီးဒီစစ်​မုန်းက ပြောပါတယ်။

“သူက ကျနော်တို့ သပိတ်စခန်းနဲ့ပတ်သက်လို့ ပါတီရုံးရှေ့မှာ သပိတ်စခန်းဖွင့်တာက ပါတီရဲ့ပုံရိပ်ကို ကျဆင်းစေတဲ့အတွက် ရွှေ့ဆိုင်းပေးဖို့၊ မလုပ်ဖို့၊  နောက်တခုက ဒီလိုလုပ်တာက နိုင်ငံရေးအမြတ်ထုတ်တယ်ဆိုတဲ့ဟာကို စာထဲမှာလည်း အဲလိုရေးထားတာပေါ့နော်။ ဆိုတော့ ကျနော်တို့ ပြန်လည်ဖြေရှင်းတာက ကျနော်တို့ပြည်နယ်မှာ အခုပြဿနာဖြစ်နေတဲ့ ကြေးရုပ်က ကြေးရုပ်ကို အစပြုတာက အန်အယ်ဒီပါတီကနေပြီးမှ ၀န်ကြီးချုပ်ဖြစ်သွားတဲ့ ဦးအယ်လ်ဖောင်း ရှိုဖြစ်တယ်ပေါ့နော်။ ဆိုတော့ အန်အယ်ဒီပါတီကနေ ကိုယ့်ပါတီအနေနဲ့ ၀န်ကြီးချုပ်ဖြစ်သွားတဲ့ အဲလို လူတယောက်ကို ပြည်နယ်ထဲပြဿနာကြီးမားစွာ ဖြစ်နိုင်တဲ့ဟာကို တာဝန်ရှိ တယ်ဆိုတဲ့အကြာင်းကို ကျနော်တို့ ပြောတာပေါ့နော်။”

ကရင်​နီလူငယ်​​တွေက​တော့ ဒီကိစ္စ ​ပြေလည်​မှုမရမချင်း ဆက်​လက်​ပြီး သပိတ်​စခန်းဖွင့် ​တောင်းဆိုသွားမယ်​လို့ ဆိုပါတယ်​။

ဗိုလ်​ချုပ်​​ကြေးရုပ်​ကို ကရင်​နီပြည်​မှာ မထားဖို့ ကန့်​ ကွက်​မှုတွေရှိ​နေ​ပေမယ့် ဖေ​ဖော်​ဝါရီ ၂ ရက်​​နေ့မှာ​တော့ လွိုင်​​ကော်​မြို့ ဂန္ဒာ​ဟေဝန်​ပန်းခြံမှာ ဗိုလ်​ချုပ်​​အောင်​ဆန်းမြင်းစီး​ကြေးရုပ်​တုကို ထားရှိ ဖွင့်​လှစ်​ခဲ့ပါတယ်​။

ဗိုလ်​ချုပ်​​ကြေးရုပ်​ကို ကယားပြည်နယ်မှာ မထားဖို့ ဇန်​နဝါရီ ၃၁ ရက်​​က ထိုင်​သပိတ်​ဆင်​နွှဲ ကန့်​ကွက်​ခဲ့တဲ့ ကရင်​နီလူငယ်​ ၂၀ ဦးကို ငြိမ်းစုစီဥပ​ဒေ ပုဒ်​မ (၁၉)နဲ့ ပြည်​နယ်​ အာဏာပိုင်​​တွေက တရားစွဲဆိုထားပါတယ်​။

သတင်း၊ ဓာတ်​ပုံ- ခွန်းတူးတူး​လေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013