DVB Logo
Home
မြန်မာသတင်း
မကွေးမြို့ ငွေ​သောင်​ယံ​သောင်​ပြင်​တွင် အပန်း​ဖြေသူ ၃ ဦး ရေစီးနှင့်မျောပါ သေဆုံး
DVB
·
February 5, 2019
မကွေးမြို့ ငွေ​သောင်​ယံ​သောင်​ပြင်​တွင် အပန်း​ဖြေသူ ၃ ဦး ရေစီးနှင့်မျောပါ သေဆုံး
Donate to DVB

မ​ကွေးမြို့၊ နံကပ်​ကျွန်းအုပ်​စု၊ ​ငွေ​သောင်​ယံ​သောင်​ပြင်​မှာ ​ဖေ​ဖော်​ဝါရီ ၃ ရက်​​ည​နေက လာ​ရောက်​အပန်း​ဖြေသူ ၄ ဦး ဧရာဝတီမြစ်​​ရေစီးနဲ့ မျောပါခဲ့ရာ အမျိုးသမီး ၁ဦး အသက်​ရှင်​လျက်​ ဆယ်​ယူရရှိပြီး ပျောက်ဆုံးနေတဲ့ အမျိုးသား ၃ ဦးကိုတော့ ဖေ​ဖော်​ဝါရီ ၄ ရက်​​မှာ အ​လောင်း ဆယ်​ယူရရှိခဲ့ပါတယ်။

အ​ပျော်​စီး ​လှေအဖွဲ့ ​ခေါင်း​ဆောင်​ ကိုလှထွန်းက “သူတို့ ရှစ်​​ယောက်​အဖွဲ့မှာ ​ရေကစားသူ လေး​ယောက်​နစ်​တာဖြစ်​ပြီး တယောက်​ပဲ ဆယ်​လို့ရခဲ့တာပါ။ ဖြစ်​ဖြစ်​ချင်း ကုန်း​ပေါ်မှာရှိတဲ့သူ​တွေ ​အော်​ဟစ်​အကူညီ​တောင်းရင်​​တော့ ​လှေ​တွေနဲ့ လိုက်​ဆယ်​​ပေးလို့ ရတာ​ပေါ့” လို့ ​ပြောပါတယ်​။

မ​ကွေးမြို့ ရှင်​ဝိုင်းဟင်္သာတမုန့်​ဟင်းခါးဆိုင်​က ​ရေလာချိုးတဲ့ ဆိုင်​ရှင်​ရဲ့သား အပါဝင်​ ၄​ယောက်​ဟာရေ​ကြောင်းကို အတိမ်​ထင်​ပြီး တ​ဖက်​ကမ်းကိုဖြတ်​သွားရာက ​မျောပါနစ်​မြှုပ်​ခဲ့တာပါ။

မြစ်ထဲမှာဦးထုပ်​​ပေါ်​နေတဲ့အတွက်​ မြို့​ဟောင်​ရပ်​က​ ရေလုပ်​သားက ကယ်​ဆယ်​ခဲ့ရာမှာ အမျိုးသမီးတဦး အသက်​ရှင်​ခွင့်ရပြီး ကျန်​သုံးဦး​ ပျောက်​ဆုံး​နေခဲ့ ပါတယ်​။

ပျောက်​ဆုံး​နေတဲ့ အမျိုးသားအ​လောင်း​တွေကိုတော့ နောက်တနေ့ ဖေ​ဖော်​ဝါရီလ ၄ ရက်​​မှာ ရှာ​ဖွေ​ တွေ့ရှိခဲ့ပြီး မ​ကွေးမြို့မ ရဲစခန်းမှာ ​သေမှု​သေခင်းနဲ့အမှုဖွင့်​​ဆောင်​ရွက်​ထားတယ်​လို့​​ နံကပ်​ကျွန်း​ကျေးရွာအုပ်​ချုပ်​​ရေးမှူး ဦးမြဝင်းက ပြောပါတယ်​။

အဆိုပါ ​ငွေ​သောင်​ယံ အပန်း​ဖြေ​သောင်​ပြင်​ဟာ ပြီးခဲ့တဲ့ ၂ လခန့်​က ​​ကျေးရွာအုပ်​ချုပ်​​ရေးမှူး အစီအစဉ်​နဲ့ ဖွင့်လှစ်​ခဲ့တာပါ။ အထက်​ဌာနက ပိတ်​ခိုင်းပါက ပိတ်​​ပေးသွားမှာဖြစ်​ပြီး ဆက်​လက် ​ခွင့်ပြုပါက စည်းကမ်းတကျ ​ဆောင်​ရွက်​သွားမယ်လို့ နံကပ်​ကျွန်းလအုပ်​ချုပ်​​ရေးမှူးက ဆိုပါတယ်​။

နံကပ်​ကျွန်း​ကျေးရွာ ရပ်​မိရပ်​ဖ ဦးတင်​ရှိန်​ကတော့ "ဖြစ်​ပြီးမှ​တော့ ဝမ်းနည်းရုံက လွဲပြီးဘာမှ မတတ်​နိုင်​​တော့ဘူး မိဘ​တွေအ​နေနဲ့ က​လေး​တွေကို မြစ်​ဆိပ်​ကို မသွားဖို့ တားမြစ်​ သင့်တယ်​။ အုပ်​ထိန်း​သူမပါဘဲ လူငယ်​ဘာသာဘာဝ ​သောက်​ကြစားကြမယ် ဆိုရင်​ အခုလို ဖြစ်​စဉ်​မျိုး ထပ်​ဖြစ်​နိုင်​တယ်​။ ဒီလိုအဖြစ်​ဆိုးမျိုး မကြုံရ​အောင်​ ​အ​ပျော်​စီး​လှေသမား​တွေကလည်း အသက်​ကယ်​​ဘောကွင်း​တွေ​ ဆောင်​ထားပြီး၊ လူငယ်​​တွေအ​နေနဲ့ ​ဒေသခံ​တွေကို ​ရေအတိမ်​အနက်​​ မေးပြီးမှ ​ဆော့ကစားသင့်တယ်​”လို့ အကြံပြုပါတယ်​။

အဆိုပါ​ရေနစ်​မြုပ်​သူ​တွေကို မ​ကွေးမြို့ ​ခေမာလူမှုကယ်​ဆယ်​​ရေးအသင်း၊ ​ကျေးရွာအုပ်​ချုပ်​​ရေးအဖွဲ့၊ ဌာနဆိုင်​ရာတွေ၊ ​ရေလုပ်​သားတွေက ဝိုင်းဝန်းရှာ​ဖွေခဲ့ကြတယ်​လို့ သိရပါတယ်​။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013