DVB Logo
Home
မေးမြန်းခန်း
ပြည်သူ့အကျိုးပြု မီဒီယာမျိုးဖြစ်အောင် စီစဉ်သွားမယ် – ဦးအောင်ကြည်
DVB
·
September 24, 2012
ပြည်သူ့အကျိုးပြု မီဒီယာမျိုးဖြစ်အောင် စီစဉ်သွားမယ် – ဦးအောင်ကြည်
Donate to DVB

မီဒီယာပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်ကို တွေ့ဆုံမေးမြန်းထားပါတယ်။

မီဒီယာပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတာလည်း တွေ့ရပါတယ်။ မီဒီယာ ပြုပြင်ပြောင်းလဲမယ့် အချက်တွေထဲက အရေးကြီးတဲ့အချက်တချို့ သိချင်ပါတယ်။

[caption id="attachment_31190" align="alignleft" width="300" caption="ဦးသန်းဝင်းထွဋ်နှင့် ဦးအောင်ကြည်"][/caption]

“မီဒီယာနဲ့ပတ်သက်ပြီးတော့ ကျနော်အမြင်အရဆိုရင် ဒီမိုကရေစီ စံနှုန်းတွေနဲ့ ဆီလျော် ညီညွတ်အောင် အချိန်အခါလိုက် တဖြည်းဖြည်း ပြုပြင်ပြောင်းလဲသွားဖို့ ရည်ရွယ်ပါတယ်။ ပထမဆုံးလုပ်နေတဲ့အစီအစဉ်ကတော့ ပုံနှိပ်မီဒီယာနဲ့ပတ်သက်ပြီး စာနယ်ဇင်းကောင်စီကို ကျနော်တို့ စနစ်တကျ ဖွဲ့စည်းနိုင်ခဲ့တယ်။ မီဒီယာ ဥပဒေနဲ့ ပတ်သက်လို့ မူကြမ်းရေးဆွဲတာတွေ ဆက်လုပ်မယ်။  လုပ်ငန်းစဉ်တွေ ရှိပါတယ်။ ပုံနှိပ်မီဒီယာနဲ့ပတ်သက်လို့ ဖွံ့ဖြိုးမှုက လမ်းကြောင်းမှန်ပေါ်ရောက်နေပြီလို့ ပြောလို့ရပါတယ်။

သတင်းစာ ဒီနှစ်ကုန်ထွက်မယ်ဆိုတာနဲ့ ပတ်သက်လို့.။

“သတင်းစာနဲ့ပတ်သက်လို့ ဒီနှစ်ကုန်ထွက်မယ်လို့ မပြောခဲ့ပါဘူး။ ကျနော်ပြောခဲ့တာက ခန့်မှန်းခြေကိုပဲ ပြောခဲ့တာပါ။ ဖြစ်နိုင်ချေက ရှေ့နှစ်အစောပိုင်းကာလဖြစ်နိုင်မယ်လို့ မျှော်မှန်းပါတယ်။ သတင်းစာထွက်တဲ့ ကာလမှာ ကျနော်တို့ရဲ့ institution အပိုင်းမှာ အထိုက်အလျောက် စာနယ်ဇင်းကျင့်ဝတ်တွေ ဘာတွေ သူ့အတိုင်းအတာနဲ့သူ ရှိပြီးသားဖြစ်စေချင်တယ်။ ကျနော်တို့ရဲ့ လုပ်ထုံးလုပ်နည်းတွေကလည်း တတ်နိုင်သမျှ ဆီလျော်တဲ့ အနေအထားမျိုးရောက်စေချင်တယ်၊ အစရှိသဖြင့် နိုင်ငံတော်ဘက်ကလည်း ပြင်ဆင်စရာ ရှိတာလေးတွေ ရှိပါတယ်။ အဲလို ပြင်ဆင်စရာရှိတာ ပြင်ဆင်နိုင်အောင် အချိန်ယူတဲ့ သဘောဖြစ်ပါတယ်။ ကျနော်ပြောခဲ့တာကတော့ တတ်နိုင်သမျှ ရှေ့နှစ်အစောပိုင်းပေါ့။ ဒါက ခန့်မှန်းခြေပဲဖြစ်ပါတယ်။ ဒီလိုဖြစ်လာဖို့ အခြေအနေက ကျနော် တဦးတည်းအပေါ်မှာ မူတည်တာမဟုတ်ပါဘူး။ ကိုယ့်အပိုင်းနဲ့ကိုယ် ဆောင်ရွက်နေတဲ့ အခန်းကဏ္ဍတွေ အားလုံး အလုံးစုံပြည့်စုံမှ လုပ်မယ်ဆိုတဲ့ သဘောမျိုးတော့ မဟုတ်ပါဘူး။ အတိုင်းအတာတခုအထိ လုံလောက်တဲ့ အင်္ဂါရပ်နဲ့ ပြည့်စုံပြီဆိုတဲ့အချိန် အမြန်ဆုံးဆောင်ရွက်ပေးသွားမှာပါ။”

အဖြူအမည်းကနေ ရောင်စုံသတင်းစာထွက်တော့မယ် ဆိုတဲ့ သတင်းကရော။

“ဟုတ်ပါတယ်။ နိုင်ငံတော်အနေနဲ့ လုပ်နေတဲ့အပိုင်းဆိုတော့ တတ်နိုင်သမျှ အမြန်ဆုံး လုပ်နေပါတယ်။ လာမယ့် အောက်တိုဘာ ၁၈ လောက်မှာ သတင်းစာ ၁ စောင်လောက်တော့ ထွက်နိုင်အောင် မြန်မာ့အလင်းဖြစ်ဖို့များပါတယ်။ သတင်းစာတစောင်ကို ကာလာနဲ့ ထုတ်ဝေနိုင်အောင် ကြိုးစားပါမယ်။”

ရုပ်မြင်သံကြားနဲ့ သတင်းစာတွေ ပိုင်ဆိုင်မှုရယ်၊ လိုင်စင်ထုတ်ပေးဖို့နဲ့ ပတ်သက်ပြီး ပြင်ဆင်ထားတဲ့ အချက်တွေထဲက အရေးကြီးဆုံးအချက် တချို့လောက် သိချင်ပါတယ်။

“အနာဂတ်ကိုတော့ ကျနော်တို့က ပြည်သူ့အကျိုးပြုအနေနဲ့ သွားဖို့ ရည်ရွယ်ပါတယ်။ အဲလို ရည်ရွယ်ရတဲ့ အကြောင်းရင်းကလည်း အဖွင့်မိန့်ခွန်းမှာ ပြောခဲ့သလို နိုင်ငံတော်သမ္မတကြီးကလည်း လမ်းညွှန်ထားတာက ပြည်သူကို ဗဟိုပြုတဲ့ မဟာဗျူဟာနဲ့ ဘက်စုံထောင့်စုံကနေ သွားရမယ် ဆိုတာ ရှိပါတယ်။ အဲလမ်းညွှန်ချက်အရ ပြည်သူလူထုကို အကျိုးပြုတဲ့ မီဒီယာမျိုးဖြစ်အောင် ဖန်တီးသွားဖို့၊ စီစဉ်သွားဖို့ အစီအစဉ်ရှိပါတယ်။ ပြည်သူလူထုကို တတ်နိုင်သလောက် အောက်ခြေအထိရောက်အောင်၊ လိုအပ်တဲ့  အသိပညာ သူတို့လိုချင်တဲ့ သတင်းအချက်အလက်ကို သူတို့လက်ထဲရောက်အောင် ထည့်နိုင်ဖို့ ရည်ရွယ်ပါတယ်။ ဒီလိုထည့်နိုင်ဖို့က နိုင်ငံပိုင်မီဒီယာလည်း ရှိရမယ်။ ပြည်သူ့အကျိုးပြုမီဒီယာလည်းရှိရမယ်။ commercial (စီးပွားဖြစ်) လည်း ရှိရမယ်။ ဒါတွေအားလုံးကို သူ့အတိုင်းအတာနဲ့သူ ဆောင်ရွက် သွားမှာဖြစ်တယ်။”

Public Service Broadcasting နဲ့ပတ်သက်လို့ မြန်မာပြည်မှာ အခွင့်အလမ်းတွေ၊ အလားအလာတွေလည်း ရှိမယ်။ အခက်အခဲတွေလည်း ရှိမယ်။ အဲထဲက နမူနာအနေနဲ့ ဖြစ်နိုင်ခြေ ရှိတဲ့ အခက်အခဲလေးတွေရော သိရနိုင်မလား။

“အခက်အခဲတွေက အများကြီးပါပဲ။ အထူးသဖြင့် နည်းပညာပိုင်းမှာ ကျနော်တို့က အများကြီးနောက်ကျကျန်နေခဲ့တယ်။ နောက်ကျနေတော့ တိုင်းရင်းသားတွေအတွက် သိစေချင်တာ၊ ပြောစေချင်တာတွေ ရှိပါတယ်။ ဒါပေမယ့် သူတို့ဆီရောက်အောင် ကျနော်တို့ အခုအချိန်ထိ စွမ်းဆောင်နိုင်တာမရှိသေးဘူး။ ဒါက အလွန်ကြီးမားတဲ့ အခက်အခဲပါ။ ဒါမျိုးတွေ တခြား အခက်အခဲတွေလည်း ရှိပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013