DVB Logo
Home
မြန်မာသတင်း
နိုင်ငံတ၀န်း အခြေခံပညာ နှစ်ဆုံးစာမေးပွဲများကျင်းပ
DVB
·
February 4, 2019
နိုင်ငံတ၀န်း အခြေခံပညာ နှစ်ဆုံးစာမေးပွဲများကျင်းပ
1 / 8
Donate to DVB

၂၀၁၈-၁၉ ပညာသင်နှစ်အတွက် တနိုင်ငံလုံးက အခြေခံပညာကျောင်းတွေမှာ အတန်းအလိုက် နှစ်ဆုံးစာမေးပွဲတွေကို ဖေဖော်ဝါရီ ၄ ရက်ကစပြီး ၁၁ ရက်အထိ စစ်ဆေးနေပါတယ်။

နှစ်ဆုံးစာမေးပွဲတွေကို တတိယတန်း၊ ပဉ္စမတန်း၊ ဆဋ္ဌမတန်း၊ သတ္တမတန်းနဲ့ န၀မတန်းတွေမှာ စစ်ဆေးနေတာဖြစ်ပါတယ်။

ကျောင်းသား၊ကျောင်းသူတွေအတွက် အခုစစ်ဆေးတဲ့ စာမေးပွဲဟာ နောက်ဆုံးအကြိမ် စစ်ဆေးတဲ့ စာမေးပွဲဖြစ်ပြီး အောက်တိုဘာလကနေ ဖေဖော်ဝါရ်ီလအထိ သင်ကြားခဲ့တဲ့ သင်ခန်းစာတွေကို တတ်မြောက်မှု ရှိ၊မရှိ ပြန်လည်စစ်ဆေးတာ ဖြစ်ပါတယ်။

လက်ရှိ စာမေးပွဲဖြေဆိုနေရတဲ့အတန်းတွေဟာ ၁ နှစ်တာ ပညာသင်နှစ်အတွက် အခန်းဆုံး စာမေးပွဲ ၂ ကြိမ်၊ နှစ်ဝက်စာမေးပွဲ ၁ ကြိမ်နဲ့ နှစ်ဆုံးစာမေးပွဲ ၁ ကြိမ် စုစုပေါင်း ၄ ကြိမ် ဖြေဆိုရတာဖြစ်ပါတယ်။

စာမေးပွဲ ၄ ကြိမ်လုံး ဖြေဆိုထားတဲ့ရလဒ်ပေါ်မှာ မူတည်ပြီး ကျောင်းသား၊ကျောင်းသူတွေ အတွက် အောင်စာရင်းကို ထုတ်ပြန်သွားမှာဖြစ်ပါတယ်။

စနစ်သစ်ပညာရေးစနစ်နဲ့သင်ကြားနေတဲ့ Garde(1) နဲ့ Garde(2) အတန်းတွေကိုတော့ ဇန်န၀ါရီလနောက်ဆုံးအပတ်မှာ အခန်းတွင်းစစ်ဆေးအကဲဖြတ် လုပ်ဆောင်ခဲ့ပါတယ်။

ကျန်ရှိနေသေးတဲ့ အတန်းတွေဖြစ်နဲ့ စတုတ္ထတန်း၊ အဋ္ဌမတန်းနဲ့ ဒသမတန်းတွေကိုတော့ အစိုးရစစ်စနစ်နဲ့ စစ်ဆေးသွားမှာဖြစ်ပြီး လက်ရှိမှာတော့ အဲဒီအတန်းတွေဟာ ကျောင်း တက်ရောက်နေရသေးတာပါ။

အစိုးရစစ်စနစ်နဲ့ စစ်ဆေးမယ့် စတုတ္ထတန်း၊ အဋ္ဌမတန်းတွေကိုတော့ ဖေဖော်ဝါရီ ၁၈ ရက်ကနေ ၂၅ ရက်အထိ စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲကိုတော့ မတ်လ ၆ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013