DVB Logo
Home
သတင်းတို
ရေတိုက်စားမှုကြောင့် ရေစကြိုကျေးရွာများ ပြောင်းရွှေ့နေရ
DVB
·
September 24, 2012
ရေတိုက်စားမှုကြောင့် ရေစကြိုကျေးရွာများ ပြောင်းရွှေ့နေရ
Donate to DVB

ရေစကြိုမြို့နယ် မြစ်ရေ၀င် မြေနုကျွန်းကျေးရွာတွေဖြစ်တဲ့ သာဂေါင်နဲ့ မီးလောင်ကျွန်းကျေးရွာတွေဟာ ချင်းတွင်းမြစ်မှ ဧရာဝတီမြစ်တွင်း စီးဆင်းနေတဲ့ ချောင်းရေတိုက်စားမှုကြောင့် အိမ်ခြေအတော်များများ ပြောင်းရွှေ့နေရပါတယ်။

သာဂေါင်ကျေးရွာ အနောက်တောင်ပိုင်းတခုလုံးနဲ့ မီးလောင်ကျွန်းရွာက ရွာဟောင်းတခုလုံးနီးပါးရှိ အိမ်ခြေ ၈၀ ခန့် ရွှေ့ပေးနေကြရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

မီးလောင်ကျွန်းရွာဟောင်းဟာ လွန်ခဲ့တဲ့နှစ်တွေကတည်းက ရွာမြောက်ဘက် ချောင်း တိုက်စားခံရမှုကြောင့် ရွာကို ချောင်းရဲ့ မြောက်ဘက် ၁ မိုင်လောက်အကွာထိ ပြောင်းရွှေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ကမ်းမပြိုဘဲ ကျန်နေတဲ့ အိမ်တွေလောက်သာ ရွာဟောင်းအဖြစ် ရှိနေပြီး အခုအခါ ရွာဟောင်းမှာလည်း ဆက်လက် တိုက်စားခံနေရတယ်လို့ ဒေသခံက ပြောပါတယ်။

သာဂေါင်ရွာမှာလည်း ချောင်းသွယ်လက်တန်းတခုရဲ့ တိုက်စားခံရမှုကြောင့် ရွာအနောက် တောင်ပိုင်းမှ အိမ်ခြေ ၅၀ ကျော် ရွှေ့ပြောင်းလိုက်ရပြီလို့ ရွာသားတဦးက ပြောပါတယ်။
ကမ်းပါးပြိုကျမှုကြောင့် အိုးအိမ်မဲ့ဖြစ်သွားသူ ရွာသား ၁၂၅ ယောက် ရှိတယ်လို့ ဆိုပါတယ်။ Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013