DVB Logo
Home
Lead Story
“ဘူးလက်တော့မလွှတ်တော့ဘူး၊ အဏုမြူဗုံးသာ ကြဲလိုက်ပါတော့”  ဦးလှဆွေ (ရုပ်သံ)
DVB
·
February 4, 2019
“ဘူးလက်တော့မလွှတ်တော့ဘူး၊ အဏုမြူဗုံးသာ ကြဲလိုက်ပါတော့”  ဦးလှဆွေ (ရုပ်သံ)
Donate to DVB

တပ်မတော်က အပစ်ရပ်ထားချိန်မှာ တိုင်းရင်းသား လက်နက်ကိုင်တွေအနေနဲ့ ငြိမ်းချမ်းရေးစားပွဲဝိုင်းကိုလာကြဖို့နဲ့ မလာရင် အဏုမြူဗုံးကြဲလိုက်ဖို့ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့   အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေက ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီ ၃ ရက်နေ့က ရန်ကုန်မြို့လယ် မဟာဗန္ဓုလပန်းခြံရှေ့မှာ ကျင်းပတဲ့  တပ်မတော်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကြေညာချက် ကြိုဆိုထောက်ခံပွဲမှာ ဦးလှဆွေက ပြောသွားတာပါ။

တချိန်က အဏုမြူဗုံးဒဏ်ခံခဲ့ရတဲ့ ဂျပန်နိုင်ငံဟာ လက်ရှိ တိုးတက်တဲ့ နိုင်ငံဖြစ်နေတာနဲ့ ပတ်သက်ပြီး ဦးလှဆွေက  “အဲဒီလိုတိုင်းပြည်ဟာ ကျည်ဆန်နဲ့ တည်ဆောက်တာမဟုတ်ဘူးဗျ။ ဖြူဖြူကျော်သိန်းပြောတာ ကျနော်သဘောတူတယ်။ အဲဒီတိုင်းပြည်ဟာ ကျည်ဆန်နဲ့ တည်ဆောက်တဲ့ တိုင်းပြည်မဟုတ်ဘူး  အဲဒီတိုင်းပြည်ကို အဏုမြူဗုံးနှစ်လုံးကြဲလိုက်လို့ အဲဒီတိုင်းပြည်ဖွံ့ဖြိုးသွားတာလို့ ဒီနေရာမှာ ပြောချင်တယ်။ ဒါကြောင့်မို့လို့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားတယ်၊ ငြိမ်းချမ်းရေးစားပွဲကို လာပါ။ ငြိမ်းချမ်းရေးစားပွဲကို လာချင်ရင် ရွှေလက်နဲ့ ခေါ်လို့မလာရင် ဘူးလက်တော့ မလွှတ်တော့ဘူး။ အဏုမြူဗုံးသာကြဲလိုက်ပါတော့”လို့ ပြောသွားပါတယ်။

တပ်မတော်ထောက်ခံ ချီတက်လမ်းလျှောက်ပွဲကို အမျိုးသားရေးတပ်ပေါင်းစု (ရန်ကုန်)က ဦးဆောင်ကျင်းပတာဖြစ်ပြီး အင်အားထောင်ချီပါဝင်တက်ရောက်ခဲ့ကြပါတယ်။

ရုပ်သံ- Credit- Phyo Thu

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013