DVB Logo
Home
မြန်မာသတင်း
မြန်မာမိဘမဲ့ကလေး ၄၆ ဦး ထိုင်းနိုင်ငံသားကတ်ရရှိ
DVB
·
February 4, 2019
မြန်မာမိဘမဲ့ကလေး ၄၆ ဦး ထိုင်းနိုင်ငံသားကတ်ရရှိ
Donate to DVB

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မှာရှိတဲ့ မြန်မာမိဘမဲ့ ကလေးဂေဟာ (Social Action for Children and Women - SAW) က ကလေး ၄၆ ယောက်ဟာ ဒီကနေ့မနက်မှာ ထိုင်းနိုင်ငံသားကတ်တွေ ရရှိခဲ့ပါတယ်။

မြန်မာမိဘမဲ့ ကလေးဂေဟာက အထောက်အထားမရှိတဲ့ ကလေးပေါင်း ၂၀၀ ကျော်အနက် ထိုင်းနိုင်ငံသားဖြစ်ခွင့် ဥပဒေနဲ့ အကျုံးဝင်တဲ့ ကလေး ၄၆ ဦး ရရှိခဲ့တာဖြစ်ပြီး မဲဆောက်မြို့နယ် အုပ်ချုပ်ရေးရုံး ဒုမြို့နယ်မှူးက မြို့နယ်ရုံးမှာ အခမ်းအနားနဲ့ ပေးအပ်ခဲ့တာပါ။

ထိုင်းနိုင်ငံသားရဖို့ စာရင်းတင်ထားတဲ့ ကလေး ၅၂ ဦးအနက် ဒီကနေ့မှာ  ၄၆ ဦး ရခဲ့တယ်လို့ SAW အဖွဲ့အစည်း ဒါရိုက်တာ ဒေါ်အေးအေးမာက ဒီဗွီဘီကို ပြောပါတယ်။

“ဒီကလေးတွေက မွေးကင်းစကတည်းက ကျမတို့ဆီမှာ စောင့်ရှောက်ထားတာပေါ့နော်၊ အထူးသဖြင့် မိဘမဲ့တွေ ထိုင်းဆေးရုံမှာ မွေးတာရှိတယ်။ ထိုင်း-မြန်မာနယ်စပ်က ဒေါက်တာ စင်သီယာမောင် ဖွင့်ထားတဲ့ မယ်တော်ဆေးခန်းမှာ မွေးတာတွေလည်းရှိတယ်၊ မိဘက စွန့်ပစ်သွားလို့ ပတ်ဝန်းကျင်က လာပို့ထားတာရှိတယ်၊ လူမျိုးစုံပဲ။ ဘယ်လိုကလေးတွေ ထိုင်းနိုင်ငံသားကတ် ရနိုင်လဲဆိုတော့ မွေးတုန်းက ဆေးရုံဆေးခန်းက အထောက်အထားတွေ၊ ကလေးမိဘမဲ့ဖြစ်ကြောင်း သူကြီးက ထောက်ခံပေးတဲ့ အထောက်အထားတွေရှိတဲ့သူပေါ့၊    ဒီတခေါက် ထိုင်းနိုင်ငံသားရဖို့ အထောက်အထားအပြည့်စုံဆုံး ၅၂ ယောက်တင်ထားတယ်။ ဒါပေမယ့် ဒီနေ့မှာ ၄၆ ယောက်အရင်ရသွားပြီ။ ကျန်တဲ့ကလေး ၆ ယောက်ကတော့ အသက် ၁၈ နှစ်ကျော်သွားတော့ ပရောစက် (လုပ်ငန်းစဉ်) က နည်းနည်းလေး လုပ်ဖို့လိုလို့ သူတို့ကတော့ ၁ လ၊ ၂ လ နောက်ကျမှာပေါ့နော်။”

ထိုင်းနိုင်ငံထဲမှာ မွေးဖွားတဲ့ အထောက်အထားမရှိသူ ကလေးတွေကတော့ ဆယ်နှစ်ခံ ကျောင်းသားကတ်တွေရရှိပြီး သူတို့အနေနဲ့ ထိုင်းနိုင်ငံမှာ တက္ကသိုလ်ဒုတိယနှစ်ထိ တက်ရောက် သင်ကြားနေပြီဆိုရင် နိုင်ငံသားလျှောက်ထားခွင့်ရှိတယ်လို့ ဆိုပါတယ်။

မြန်မာမိဘမဲ့ ကလေးဂေဟာ SAW က ကလေးတွေ ထိုင်းနိုင်ငံသားကတ်ရတာဟာ ဒါဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ကလေးတွေ အခုလို နိုင်ငံသားကတ်သွားတဲ့အပေါ် ၀မ်းမြောက်ဝမ်းသာ ဖြစ်ရကြောင်း၊ အထောက်အထားရှိတော့ ရဲတွေကို ကြောက်ရွံ့ထိတ်လန့်ခြင်းမှ ကင်းဝေးပြီး ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးစောင့်ရှောက်ခွင့် အခွင့်အရေးတွေ ပိုရလာမှာ ဖြစ်ကြောင်း၊ သူတို့ ကို ဂေဟာက စောင့်ရှောက်လာပေမယ့်လည်း သူတို့ရဲ့အနာဂတ်မှာ ဖြစ်ချင်တာတွေကိုတော့ ဂေဟာက ထိန်းချုပ်ထားတာမရှိဘဲ တချိန်ချိန်မှာ လူ့အဖွဲ့အစည်းကို ပြန်ပြီးအကျိုးပြုတဲ့ သူတွေ ဖြစ်ရင်ကို ကျေနပ်ပါပြီလို့ ဒေါ်အေးအေးမာက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013