DVB Logo
Home
မြန်မာသတင်း
နီနီခင်ဇော်သီဆိုသရုပ်ဆောင်ထားသည့် မြူးမြူးကြွကြွ တရုတ်နှစ်ကူးသီချင်း(ရုပ်သံ)
DVB
·
February 4, 2019
နီနီခင်ဇော်သီဆိုသရုပ်ဆောင်ထားသည့် မြူးမြူးကြွကြွ တရုတ်နှစ်ကူးသီချင်း(ရုပ်သံ)
Donate to DVB

    “လူတွေ လူတွေ အများကြီး… နေရာတိုင်း လမ်းမလမ်းသွယ်မကျန်… လူတိုင်း နှုတ်ဖျား ပြောနေတာ... Gong Xi, Gong Xi, Gong Xi, Gong Xi, Gong Xi, Gong Xi Ni, Gong Xi, Gong Xi, Gong Xi Ni”

    ဒါကတော့ လတ်တလောထွက်ရှိလာတဲ့ ပရိသတ်ကြိုက် တေးသံရှင် နီနီခင်ဇော် သီဆိုသရုပ်ဆောင်ထားတဲ့ တရုတ်နှစ်သစ်ကူးကြိုသီချင်းတပုဒ်ထဲက စာသားတွေ ဖြစ်ပါ တယ်။

    ဒီသီချင်းကိုတော့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက စီစဉ်ပြီး သူတို့ရဲ့ ဖေ့စ်ဘွတ် ခ် အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့တာပါ။

    “ဟေမာန်ရာသီ နှောင်းပြီ… နွေဦးအစရဲ့ ညှင်းလေသည်… ကမ္ဘာသားများရဲ့ နှလုံးအိမ်ဆီ… သတင်းကောင်းလေးတွေ ပါးနေပြီ… Gong Xi, Gong Xi, Gong Xi Ni, Gong Xi, Gong Xi, Gong Xi Ni”

    ဒီသီချင်းထဲမှာတော့ နီနီခင်ဇော်က တရုတ်ရိုးရာ အစဉ်အလာအတိုင်း အနီရောင်ရဲရဲ ၀တ်စုံကို ၀င်ဆင်ထားခဲ့ပြီး လမ်းဆုံလမ်းမတွေတလျှောက် မီးပုံတွေ ဆင်ယင်ထားခဲ့တာတွေကြား သီဆိုသရုပ်ဆောင်မှုတွေအပြင် မနှစ်က ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ တရုတ်နှစ်သစ်ကူးပွဲတော် တက်ရောက်ခဲ့တဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ ပုံရိပ်တွေ၊ တခြားဂီတ အကအလှ တွေကိုပါ ပုံဖော်ရိုက်ကူးထားခဲ့တာကို ရှုစားကြရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013