DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင်မြို့နယ်တွင် အမျိုးသားတဦးကို ပစ္စတိုသေနတ် ၁ လက်နှင့်အတူဖမ်းမိ
DVB
·
February 4, 2019
ဘူးသီးတောင်မြို့နယ်တွင် အမျိုးသားတဦးကို ပစ္စတိုသေနတ် ၁ လက်နှင့်အတူဖမ်းမိ
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ ပစ္စတိုသေနတ် ၁ လက်နဲ့အတူ အမျိုးသားတဦးကို ဖမ်းဆီးမိပြီး  ကျန်တဦးကတော့ ထွက်ပြေးလွတ်မြောက်နေတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၃ ရက် မနက် ၉ နာရီ ၄၅ မိနစ်လောက်က ဘူးသီးတောင်မြို့နယ်၊ ညောင်ချောင်းနယ်မြေအတွင်း လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေက နယ်မြေ လုံခြုံရေးဆောင်ရွက်နေစဉ် ဖိုးခေါင်ချောင်း ချောင်းစပ်အနီးမှာ မသင်္ကာသူ နှစ်ဦးကို တွေ့ရှိတဲ့အတွက် စစ်ဆေးရန်ခေါ်ယူရာ မလာရောက်ဘဲ လွယ်ထားတဲ့ လွယ်အိတ်ကို ပစ်ချထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။

ထွက်ပြေးသူ နှစ်ဦးကို လိုက်လံဖမ်းဆီးရာ ပြိုင်းတောင်ရွာအရှေ့ဘက် ၂ ဖာလုံခန့် အကွာမှာ မာမောက်ဇူဘိုင် (၂၄)နှစ် ရွက်ညိုတောင်အလယ်ရွာနေသူကို ဖမ်းဆီးရမိခဲ့ပြီး ပစ်ချခဲ့တဲ့ လွယ်အိတ်ထဲက ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၁ခု၊  ကျည် ၅ တောင့်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသုံး SIM Card တခုပါ SMART အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံးတို့ကို သိမ်းဆည်း ရမိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

သေနတ်နဲ့အတူဖမ်းမိတဲ့ ရွက်ညိုတောင်အလယ်ရွာနေသူ မာမောက်ဇူဘိုင် (၂၄)နှစ်ကို ဖမ်းဆီးအရေးယူထားပြီး ထွက်ပြေးနေသူ တဦးကိုတော့ ဖမ်းဆီးရမိဖို့ ရဲတပ်ဖွဲ့က ဆက်လက် ဆောင်ရွက် နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013