DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့ကင်ဆာရောဂါနေ့ အထိမ်းအမှတ် လူထုလှုပ်ရှား လမ်းလျှောက်ပွဲကျင်းပ
DVB
·
February 4, 2019
ကမ္ဘာ့ကင်ဆာရောဂါနေ့ အထိမ်းအမှတ် လူထုလှုပ်ရှား လမ်းလျှောက်ပွဲကျင်းပ
1 / 9
Donate to DVB

ဖေဖော်ဝါရီ ၄ ရက်နေ့ ကျရောက်တဲ့ ကမ္ဘာ့ကင်ဆာရောဂါနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှု လမ်းလျှောက်ပွဲကို ရန်ကုန်မြို့က ဗဟန်းဘောလုံးကွင်းမှာ ဒီကနေ့ မနက်အစောပိုင်းက ကျင်းပပါတယ်။

ကျန်းမာရေးနဲ့ အာကစားဝန်ကြီးဌာနနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့က ဦးဆောင်ပြီး ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းအဖွဲ့က ပူးပေါင်းကျင်းပတဲ့ ကမ္ဘာ့ကင်ဆာနေ့ အခမ်းအနားကို ပြည်သူလူထု ၁၇၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

ဒီနေ့မှာ ကမ္ဘာ့နိုင်ငံအသီးသီးနဲ့ မြန်မာနိုင်ငံဒေသအနှံ့အပြားမှာလည်း ကမ္ဘာ့ကင်ဆာနေ့ အခမ်းအနားတွေကို ကျင်းပနေပါတယ်။

နိုင်ငံတကာ ကင်ဆာထိန်းချုပ်ရေးအဖွဲ့ကြီးကကြီးမှူးပြီး ၂၀၁၉ ခုနှစ် ကနေ ၂၀၂၁ သုံးနှစ်တာကာလအတွင်း ကမ္ဘာ့ကင်ဆာရောဂါ အထိမ်းအမှတ်နေ့အဖြစ် “ကျွန်ုပ်သည် ….နှင့် ကျွန်ုပ်က…” လှုပ်ရှားမှုကြီးကို စတင်နေတာဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်အတွင်း  ကမ္ဘာမှာ ကင်ဆာရောဂါဖြစ်ပွားသူ ၁၈ သန်းကျော်ရှိပြီး ၉.၆ သန်းကျော် သေဆုံးခဲ့တယ်လို့ ကမ္ဘာလုံးဆိုင်ရာ ကင်ဆာအဖွဲ့သုတေသန စာရင်းတွေမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013