DVB Logo
Home
မြန်မာသတင်း
ကလေးမြို့က ရင်ချင်းဆက်အမြွှာ သေဆုံး
DVB
·
February 4, 2019
ကလေးမြို့က ရင်ချင်းဆက်အမြွှာ သေဆုံး
Donate to DVB

ကလေးမြို့ ပြည်သူ့ဆေးရုံကြီးမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မနက်က  မွေးဖွားခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ရင်ချင်းဆက်အမြွှာ မိန်းကလေး ၂ ဦးဟာ သေဆုံးသွားပြီလို့ ဖခင်ဖြစ်သူက ပြောပါတယ်။

ရင်ချင်းဆက်အမြွှာရဲ့ ဖခင် ကိုကျော်ဇေယျက "၂ ရက်ပဲ အသက်ရှင်တယ်။ ဖေဖော်ဝါရီ ၃ ရက်နေ့ မနက် ၂ နာရီလောက်က သေဆုံးသွားခဲ့တယ်။ ရက်နည်းနည်းထားပြီး နေကောင်းရင် မန္တလေးပို့ ခွဲစိတ်ဖို့ စောင့်နေရင်း" လို့ ပြောပါတယ်။

အမြွှာကလေးငယ်ဟာ ရင်ချင်းဆက်အမြွှာ ဆိုပေမယ့် တယောက်စာ အဆုပ် အသည်း နဲ့ အသက်ရှင်နေရတာကြောင့် ရှင်သန်နိုင်ဖို့ အခက်အခဲဖြစ်ပြီး သေဆုံးတာလို့ ကလေးအထူကု ဆရာဝန်ကြီး ဒေါက်တာ နုနုထွေးက ပြောပါတယ်။

အမြွှာကလေးငယ်တွေကို ကလေးမြို့ အောင်မင်္ဂလာရပ်ကွက် နယ်မြေ ၃ မှာ နေတဲ့ ဦးကျော်ဇေယျနဲ့ သီတာဝင်းတို့က မွေးဖွားခဲ့တာဖြစ်ပြီး ရင်ချင်းဆက်အမြွှာကလေးငယ် ၂ ဦးဟာ မြန်မာနိုင်ငံရဲ့ ၈ ယောက်မြောက် အမြွှာလည်း ဖြစ်ပါတယ်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013