DVB Logo
Home
Lead Story
လီဆူရိုးရာ တောပစ်ဒူးလေး၊ မြားနဲ့မြားဘူးအကြောင်း တစေ့တစောင်း
DVB
·
February 3, 2019
လီဆူရိုးရာ တောပစ်ဒူးလေး၊ မြားနဲ့မြားဘူးအကြောင်း တစေ့တစောင်း
1 / 5
Donate to DVB

ကချင်ပြည်နယ်က တောကောင်တွေကို အဲလိုက်ရာမှာ ကျွမ်းကျင်တဲ့ လီဆူမျိုးနွယ်စုတွေရဲ့ အမဲလိုက်ရာမှာသုံးတဲ့ ဒူးလေး၊ မြားနဲ့ မြားဘူးလေး အကြောင်းကို တစေ့တစောင်း ဖော်ပြပေးလိုက်ပါတယ်။

ရှေ့ခေတ် လီဆူမျိုးနွယ်စုတွေဟာ တောကောင်တွေကို အမဲလိုက်တဲ့နေရာမှာ ဒူးလေးနဲ့ အမဲလိုက်ကြပြီး မြားထိပ်မှာ အဆိပ်သုပ်လိမ်းပြီး အမဲလိုက်လေ့ရှိပါတယ်။

ရိုးရာမြားဘူးစစ်စစ်ဆိုရင် ၀က်ဝံသားရေနဲ့ လုပ်လေ့ရှိတယ်လို့ လီဆူတိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့က လီရဲဂျားက ပြောပါတယ်။

“၀က်ဝံက အခွန်အောက်မှာ အဆီရှိတယ်လေ။ အဲဒါကြောင့် တော်တော်နဲ့ မမာဘူး။ မကျိုးဘူးပေါ့နော်။”

ဒီလိုမြားပစ်ဘူးတဘူးကို လူတသက်စာ အသုံးပြုလို့ ရကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် အမဲလိုက်ဖို့ ဒူးလေးကို အသုံးပြုပြီး ဒူးလေးထိပ်မှာ အဆိတ်သုပ်လိမ်းထားတဲ့ မြား အသုံးပြုပြီး တောလိုက်လေ့ရှိကြပါတယ်။

မြားထိပ်မှာ ထည့်ထားရတဲ့ အဆိပ်ဆိုတာကလည်း လီဆီလို (ဒေါ့) လို့ခေါ်ပါတယ်။ အဆိုပါ အဆိပ်ဟာ သဘာဝအပင်ကနေ မြေအောက်ကနေ တူးရတာဖြစ်ပြီး ရေခဲမှတ်လောက် အေးတဲ့နေရာမှသာ ရရှိနိုင်တယ်လို့လည်း လီရဲဂျာက ပြောပါတယ်။

“ဒါက သူ့သဘာဝပေါက်တာ၊ ရေခဲစပ်နားမှာပဲ ပေါက်တယ်။ ဒီဟာကို ကျနော်တို့ ရိုးရာနဲ့တော့ ဒေါ့လို့ခေါ်တယ်။ ဗမာလိုတော့မသိဘူး အဆိပ်ပင်လို့ပဲ ပြောရမှာပဲ။  သူ့အရွက်က ပိန်းရွက်နဲ့ နည်းနည်းတူတယ်။ အပင်က အမြင့်ကြီးမဟုတ်ဘူး။ ပြီးတော့ အဲဒါကို တူးယူရတယ်။ ရေခဲစပ်နားလောက်မှာပဲရှိတယ်။ တကယ်ရှားတယ်။ တမင်တကာ သွားရှာတဲ့သူမှပဲ ရတာ။  ဒီတိုင်းလည်း မသုံးကြဘူး။ အခုခေတ်တော့ မသုံးကြဘူး။”

အဲဒီအဆိပ်ကို ဆောင်ထားရင် ပြုစားခံရတာတွေလည်း လွတ်တယ်လို့ ယုံကြည်ကြ ပါတယ်။ ဒါ့အပြင် အဲဒီအဆိပ်သုပ်လိမ်းပြီး အမဲလိုက်လို့ ရလာတဲ့ သားကောင်ကိုလည်း မြားထိထား တဲ့နေရာကို ၀ိုင်းပြီးလှီးထုတ်ရပြီး ကြာလာရင် အဆိပ်တွေ ပျံ့နှံ့နိုင်တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ဒီအဆိပ်ကို ပြေစေဖို့ဆိုပြီး ၀ါးတမျိုးကို အသုံးပြုပြီးလည်း ရလာတဲ့သားကောင်ရဲ့ အသားနဲ့ရောပြုတ်လေ့ရှိတယ်လို့လည်း လီရဲဂျာက ရှင်းပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013