DVB Logo
Home
မြန်မာသတင်း
နေပြည်တော်တွင် လူကုန်ကူးသူ ၂ ဦးကို အမှုဖွင့်
DVB
·
September 23, 2012
Donate to DVB

အမျိုးသမီးငယ်တဦးကို အလုပ်ကောင်းရမယ်လို့ နေပြည်တော်ကို လိမ်လည် ခေါ်ဆောင်ပြီး ပြည်တန်ဆာဘ၀ သွတ်သွင်းတဲ့ လင်မယား ၂ ဦးကို လူကုန်ကူးမှုနဲ့ ရဲက အမှုဖွင့်လိုက်ပါတယ်။

အမှုဖွင့်တိုင်ကြားခံရသူတွေကတော့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်က လယ်မယားစုံတွဲဖြစ်ပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်နေ ၂၃ နှစ်အရွယ် အမျိုးသမီးတဦးဟာ နေပြည်တော်က အလှပြင်ဆိုင်မှာ သွင်းပေးမယ်၊ လုပ်ခနဲ့ မေတ္တာကြေး စုစုပေါင်း ၂ သိန်းရမယ်လို့ ဖြားယောင်းခေါ်ဆောင်ခံရပြီး လိုက်လာခဲ့ပုံနဲ့ ဒီနောက် နေပြည်တော်ရောက်တဲ့အခါ သူ့ကိုလက်ခံတဲ့ လင်မယား ၂ ဦး အိမ်မှာနေစဉ် စက်တင်ဘာ ၁၀ ရက်နေ့က အမျိုးသားတဦးကို ငြင်းဆန်လို့မရလို့ စတင်နှိပ်နယ်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

နောက်တနေ့ညမှာလည်း နှိပ်ခိုင်းပြီးနောက် အနှိပ်ခံသူအမျိုးသားက သားမယားပြုကျင့်ခဲ့တယ်လို့ ကာယကံရှင်အမျိုးသမီးက ထွက်ဆိုပြီး ပေးတဲ့ငွေကြေးတွေကို လင်မယားက ရယူကြတယ်လို့ ဆိုပါတယ်။

အခင်းဖြစ်ဖြစ်ချင်း ရဲစခန်းကိုတိုင်ရာမှာ အဆင်မပြေတာကြောင့် စာနာသက်ညှာသူတွေရဲ့ ၀ိုင်းဝန်းကူညီမှုကြောင့် စက်တင်ဘာ ၁၅ ရက်နေ့မှာ ရဲစခန်းက အမှုကို လက်ခံခဲ့ပါတယ်။

ရဲက စက်တင်ဘာ ၁၂ ရက်နေ့ကတည်းက အမှုဖွင့်တာလက်မခံဘဲ ၁၅ ရက်နေ့ကျမှ လက်ခံတာလို့ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ နယ်မြေခံတဦးက ပြောပါတယ်။

“ကောင်မလေးက ရန်ကုန်အထည်ချုပ်စက်ရုံက အချုပ်သမလေး။ လူကွဲသွားတာကနေပြီးတော့ လူပွဲစားကနေပြီးတော့ အလှပြင်ဆိုင်မှာ လစာကောင်းကောင်းရမယ်ဆိုပြီး ခေါ်လာပြီး ဒီမှာ ပြည့်တန်ဆာခိုင်းတယ်။ အနှိပ်ခန်းခိုင်းတယ်။ ကောင်မလေးက ထွက်ပြေးတယ် ရဲကိုသွားတိုင်တော့ ရဲကအမှုမဖွင့်ပေးဘူး။ ရဲစခန်းကထွက်လာတော့ လူမှောင်ခိုပွဲစားတွေက ဆိုင်ကယ်နဲ့လိုက်တယ်။ ကောင်မလေးက သူတည်းတဲ့ အိမ်ကိုပြန်သွားပြီး အကူအညီတောင်းတော့ အန်အယ်လ်ဒီကို သွားပြီးအကြောင်းကြားကြတယ်။ အန်အယ်လ်ဒီက ရဲစခန်းကိုသွားပြီး အမှုဖွင့်ပေး မပေးပြောတော့မှ ဖွင့်ပေးလိုက်တယ်။”

ကာယကံရှင်အမျိုးသမီးကို တွေ့ဆုံမေးမြန်းခဲ့တဲ့ လွှတ်တော်အမတ် ဦးနိုင်ငံလင်းကလည်း ခုလို ပြောပါတယ်။

“နေပြည်တော်ကောင်စီတရားရုံးရောက်တော့ ဒီကလေးမလေးအကြောင်း ပြောပြတယ်။ ကလေးမက ရိုးရိုးအေးအေးပဲ သူက ကြောက်တဲ့ပုံပေါက်နေတယ်။ သူ့အသက်က ၂၁ နှစ်ပဲရှိသေးတယ်တဲ့။ သူ့ကိုကူညီပေးခဲ့တဲ့ အစ်ကိုတွေအကြောင်း ပြောပြတယ်။”
ရဲက လူကုန်ကူးမှု တာဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အမှုဖွင့်ကိုင်တွယ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013