DVB Logo
Home
မြန်မာသတင်း
လယ်မြေများ ရေနစ်မြုပ်သည့်ကိစ္စ အစိုးရကိုင်တွယ်ရန် လိုအပ်
DVB
·
September 21, 2012
လယ်မြေများ ရေနစ်မြုပ်သည့်ကိစ္စ အစိုးရကိုင်တွယ်ရန် လိုအပ်
Donate to DVB

ဧရာဝတီတိုင်းအတွင်းက ပန်းတနော်၊ ညောင်တုန်းနဲ့ ဓနုဖြူမြို့နယ် သုံးပွင့်ဆိုင်နေရာမှာ လယ်မြေဧက ၇ သောင်းလောက် ရေနစ်မြုပ်နေတဲ့အတွက် လယ်သမားတွေ စားဝတ်နေရေးအကူအညီတွေ လိုအပ်နေတယ်လို့ ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသား ဦးဂျင်မီက ပြောပါတယ်။

ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားအဖွဲ့ ဧရာဝတီတိုင်းက ရေဘေးဒုက္ခသည်တွေကို သွားရောက်အကူအညီပေးတုန်းက တွေ့ခဲ့ရတာလို့ မနေ့က ပြန်လာတဲ့ ဦးဂျင်မီက ပြောပါတယ်။

[caption id="attachment_31157" align="alignright" width="300" caption="ဧရာဝတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်ကို လယ်သမားတွေရဲ့ အခက်အခဲ တင်ပြနေကြစဉ်"][/caption]

“ပန်းတနော်ရယ်၊ ဓနုဖြူရယ်၊ ညောင်တုန်းရယ်ပေါ့။ အဲဒေသမှာ လယ်ဧက ၇ သောင်းလောက် ရေမြုပ်နေတယ်။ ရွာပေါင်းလည်း တော်တော်များတယ်။ ရေမြုပ်ရက်က ၁ လခွဲလောက်ရှိပြီ။ နောက်ထပ် ၁ လခွဲလောက်ကြာမယ်လို့ ခန့်မှန်းတယ်။ အဲတော့ စားဝတ်နေရေး ခက်ခဲနေကြတာပေါ့။”

သူတို့အဖွဲ့ဟာ ပုသိမ်မြို့၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူနဲ့ ကျောင်းကုန်းမြို့နယ်ထဲက ရေကြီးမှု အခြေအနေကို လေ့လာရာမှာ ရေထိန်းလိုသူနဲ့ ရေလွှတ်လိုတဲ့သူ မတူညီတဲ့ ဆန္ဒရှိကြ တယ်လို့ ပြောပါတယ်။

“ဧရာဝတီတိုင်းဒေသတွေမှာ အခုဖြစ်နေတာက ငါးနဲ့စပါး ပြဿနာပေါ့။ ငါးသမားက သူငါးများများရအောင် ရေမထွက်စေချင်ဘူး။ လယ်သမားကျတော့ ရေမြန်မြန်ထွက်မှ သူ့စပါးတွေရှင်မယ် အဲလို ပြဿနာတွေဖြစ်တယ်။”

အရင်က ရေထွက်နိုင်တဲ့အပေါက်တွေကို  အင်းသမားတွေက ပိတ်ရင်းပိတ်ရင်းနဲ့ ကျဉ်းမြောင်းရာက ရေကျနှုန်းသိသိသာသာ ကွာသွားလို့ လယ်တွေထဲ ရေတင်ကျန်ရစ်နေရတာလို့ ရွာသားတွေက ပြောကြောင်း ဦးဂျင်မီက ရှင်းပြပါတယ်။

သမ္မတဦးသိန်းစိန်က ရေဘေးသင့်လယ်သမားတွေ အလုပ်ပြန်လုပ်နိုင်အောင် သိန်းထောင်ချီထောက်ပံ့ပေမယ့်  မျိုးစပါး လက်ဝယ်မရောက်တဲ့အကြောင်း လယ်သမားတွေက ပြောကြတယ်လို့ ဆိုပါတယ်။

သူတို့အဖွဲ့ကလည်း တွေ့ရှိချက်တွေကို ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်နဲ့ တွေ့ဆုံတင်ပြခဲ့တယ်လို့ ဦးဂျင်မီက ပြောပါတယ်။

“ကျနော်က ဒီအချက်အလက်တွေ တင်ပြတဲ့အခါ သူက ချက်ချင်းပဲ မြေပုံတွေဘာတွေ ယူလာတယ်။ ရေထွက်ပေါက်တွေကို ပိတ်ထားတဲ့ တံခါးတွေက ဒီတံခါးတွေရှိတယ်။ အရင်တုန်းက အဆိုအရ ရေထွက်နိုင်တဲ့ ပေပေါင်း ၂၉၅ ပေလားမသိ ရှိတယ်။ အခုက တဖြည်းဖြည်း အင်းသမားတွေဘက်က ပိတ်ရင်း ပိတ်ရင်းနဲ့ ရေထွက်နိုင်တဲ့ အခြေအနေက ၁၈၈ ပေလောက်ပဲရှိတော့တယ်လို့ ဆိုတယ်။ တော်တော်ကွာဟသွားပြီ။ ရေကျနှုန်းကလည်း သိသာသွားတာပေါ့။ ဒါတွေကိုလည်းသူလေ့လာမယ်၊ သက်ဆိုင်ရာကော်မတီတွေနဲ့ ဆွေးနွေးပြီးတော့ ဒီကိစ္စကို လုပ်ဆောင်မယ်၊ အဖြေရှာပြီးတာနဲ့ ဒီကိစ္စကို ပြေလည်အောင် ဖြေရှင်းမယ် လို့ ပြောပါတယ်။”

၈၈ မျိုးဆက်ကျောင်းသားတွေဟာ ဒီတခေါက်မှာ ရေဘေးသင့်သူတွေကို ဆန်အိတ် ၅၀၀၊ ဆေးဝါး၊ အချိုရည်ဘူးတွေနဲ့ အ၀တ်အထည်တွေ စုစုပေါင်း သိန်း ၈၀ ဖိုးခန့် လှူဒါန်းခဲ့ကြတယ်လို့ ပြောပါ တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013