DVB Logo
Home
မြန်မာသတင်း
အန်​အယ်​လ်​ဒီပါတီဗဟိုအဖွဲ့နှင့်​​ဆွေး​နွေးရန်​ ကရင်​နီလူငယ်​များ သပိတ်​စခန်းဖွင့်​စောင့်ဆိုင်း
DVB
·
February 3, 2019
အန်​အယ်​လ်​ဒီပါတီဗဟိုအဖွဲ့နှင့်​​ဆွေး​နွေးရန်​ ကရင်​နီလူငယ်​များ သပိတ်​စခန်းဖွင့်​စောင့်ဆိုင်း
Donate to DVB

အန်​အယ်​လ်​ဒီပါတီ ဗဟိုအဖွဲ့ဝင်​​တချို့ ကယား(ကရင်​နီ)ပြည်​နယ်​ကို ​​ရောက်​ရှိ​နေ တာ​ကြောင့် ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနဲ့ ပတ်သက်ပြီး​ တွေ့ဆုံ​ဆွေး​နွေးခွင့်ရ​ဖို့ ကရင်​နီလူငယ်​​တွေက ပြည်​နယ် ​အန်​အယ်​လ်​ဒီရုံး​ရှေ့မှာ သပိတ်​စခန်းဖွင့်​ စောင့်​ဆိုင်း​နေ ကြပါတယ်​။

ကရင်​နီလူငယ်​အင်​အားစု သပိတ်​​ကော်​မတီရဲ့ ​ပြော​ရေးဆိုခွင့်ရှိသူ ကိုဒီးဒီစစ်​မုန်းက “ဒီမှာ​ရောက်​ရှိ​နေတဲ့ အန်အယ်လ်ဒီ ဗဟိုက​ပေါ့​နော်​။ ​ရောက်​ရှိ​နေတဲ့သူကို ကျ​နော်​တို့​ တွေ့ချင်​တယ်​။ ပြည်​နယ်​အစိုးရရဲ့ စီမံခန့်​ခွဲမှု အလွဲ​တွေ၊ အရပ်​ဘက်​အဖွဲ့​တွေနဲ့ လူငယ်​​တွေကို ဖိနှိပ်​​နေတဲ့ဟာ​တွေ၊ ​နောက်​ကန့်​ သတ်​နယ်​​မြေစတဲ့ မတရားတဲ့ အမိန့်​နဲ့ ပတ်​သက်​တာနဲ့ ​နောက်​​ကြေးရုပ်​ကိစ္စ​ပေါ့​နော်​။ အဲဒါ​တွေ ​ပြော​ဖို့ ကျ​နော်​တို့ သပိတ်​ထိုင်​ရခြင်းဖြစ်​ပါတယ်​။" လို့ ဒီဗွီဘီကို ​ပြောပါတယ်​။

အန်​အယ်​လ်​ဒီပါတီက ​ပြော​ရေးဆိုခွင့်ရှိသူ ​ဒေါက်​တာမျိုးညွှန့်​နှင့်အတူ အခြားဗဟိုအဖွဲ့ဝင်​ တချို့ ​ရောက်​ရှိ​နေလို့ ပြည်သူ​တွေရဲ့ အသံကို အမှန်​တကယ်​ ကြားသိစေလိုတာ​ကြောင့် ခုလို သပိတ်​စခန်းဖွင့်​စောင့်ဆိုင်းရတာ​လို့လည်း ဆိုပါတယ်​။

မ​နေ့ မနက်​ပိုင်းက လွိုင်​​ကော်​မြို့မှာ ဗိုလ်​ချုပ်​​ကြေးရုပ်​​ထောက်​ခံပွဲနဲ့ ​ကြေးရုပ်​ဖွင့်ပွဲ ပြုလုပ်​ အပြီးမှာ​တော့ ကရင်​နီလူငယ်​​တွေက အန်​အယ်​လ်​ဒီဗဟိုအဖွဲ့နဲ့ ​တွေ့ဆုံဖို့ ညအိပ် ​​စောင့်ဆိုင်းခဲ့ပြီး ​တွေ့ခွင့်မရ​သေးတာ​ကြောင့် ခုမနက်​မှာ​တော့ သပိတ်​စခန်းဖွင့်ပြီး ထပ်​မံ​စောင့်ဆိုင်းနေကြတာ ဖြစ်​ပါတယ်​။

ပြီးခဲ့တဲ့ ​​ဇန်​နဝါရီလ ၃၁ ရက်​​နေ့က လွို​ကော်​မြို့ရှိ ဂန္ဒာ​ဟေဝန်​ပန်းခြံမှာ ဗိုလ်​ချုပ်​​ကြေးရုပ်​ထားရှိမှာကို ထိုင်​သပိတ်​ဆင်​ ကန့်​ကွက်​ဆန္ဒပြခဲ့တဲ့ ကရင်​နီလူငယ်​ ၂၀ ဦးဟာ ငြိမ်းစုစီဥပ​ဒေ ပုဒ်​မ (၁၉)နဲ့ တရားစွဲဆို ခံထားရတာဖြစ်​ပါတယ်​။

သတင်း၊ ဓာတ်​ပုံ- ခွန်းတူးတူး​လေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013