DVB Logo
Home
မှုခင်း/မူးယစ်ဆေး
သထုံမြို့ မြန်မာ့အလင်းသတင်းထောက် အသရေဖျက်မှုဖြင့် တရားစွဲခံရ
DVB
·
February 3, 2019
သထုံမြို့ မြန်မာ့အလင်းသတင်းထောက် အသရေဖျက်မှုဖြင့် တရားစွဲခံရ
Donate to DVB

မြန်မာ့အလင်းသတင်းစာမှာ ကျေးရွာပိုင် သုသာန်မြေသတင်းရေးသားဖော်ပြခဲ့မှုနဲ့ သတင်းထောက် ဦးခွန်ကျော်ဇင်ကို အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ ကျေးရွာတာဝန်ခံက တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်ထုတ် မြန်မာ့အလင်း သတင်းစာ ထင်သာမြင်သာ ပြုပြင်စရာကဏ္ဍမှာ သထုံမြို့နယ်၊ တံတားဦးကျေးရွာအုပ်စု၊ ငုတ္တို (ညောင်သာယာ)အမက ကျောင်းအနီး ၁ ဒသမ ၅ ဧကရှိတဲ့ နန်းတောင်းကျေးရွာပိုင်သုသာန်မြေထဲက ၁ ဧကကို အများသဘောမတူဘဲ ကျေးရွာတာဝန်ခံအပါအဝင် ပြည်သူ ၁၅ ဦးက လက်မှတ်ရေးထိုးပြီး သုဝဏ္ဏ၀တီမြို့ လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်းကို  စက်တင်ဘာ ၅ ရက်က ရောင်းချခဲ့တယ်။

ဒီလိုရောင်းချခဲ့တဲ့အတွက် သုသာန်ဝင်ပေါက် ၁၅ ပေလောက်ပဲ ကျန်ရှိတော့တာကြောင့် သုသာန်မြေကျဉ်းမြောင်းလို့ နောင်တချိန်မှာ ပြဿနာများဖြစ်ပေါ်လာနိုင်ကြောင်း နန်းတောင်း ကျေးရွာနေသူ တဦးကပြောသည်ဟု သတင်းစာမှာ ခွန် (ဝင်းပ) ကလောင်အမည်နဲ့ ရေးသားဖော်ပြခဲ့တဲ့အတွက် ကျေးရွာ ဂုဏ်သိက္ခာကျဆင်းတယ်ဆိုပြီး နန်းတောင်းကျေးရွာ တာဝန်ခံ ဦးအေးဝင်းက ဇန်နဝါရီ ၃၀ ရက်က သထုံမြို့နယ် တရားရုံးမှာ တရားလိုပြုလုပ်ပြီး ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့တာပါ။

သတင်းရေးသားသူ သထုံမြို့နယ်၊ နယ်မြေခံ မြန်မာ့အလင်းသတင်းထောက် ဦးခွန်ကျော်ဇင်က “ "နန်းတောင်းကျေးရွာမှာ သုသာန်မြေကိစ္စနဲ့ ပတ်သက်ပြီး ဖြစ်နေတာကကြာပြီ။ ဒါကိုကြားသိလို့ သတင်းရေးလိုက်တာပါ။ ရေးတဲ့သတင်းက မှားတယ်ပေါ့။ပြန်ပြင်ပေးဖို့လာပြောတယ်။ ရေးပြီးသား ဖြစ်လို့ ပြန်ပြင်ပေးလို့ မရဘူးလို့ ပြောလိုက်တယ်။ ကျနော်က မြေပြင်တွေ့ရှိချက်အတိုင်းရေးတာ။ ဒါကို ရွာဂုဏ်သိက္ခာကျတယ်ဆိုပြီး တရားစွဲတာ။ ကျနော်က သတင်းထောက်ကျင့်ဝတ်နဲ့ အညီ ရေးသားထားတာဖြစ်လို့ တရားဥပဒေအရ တာဝန်ယူဖြေရှင်းသွားမှာပါ"လို့ ပြောပါတယ်။

သထုံမြို့နယ်၊ နန်းတောင်းကျေးရွာတာဝန်ခံ ဦးအေးဝင်းက "ကျနော်တို့ ရွာက သုသာန်မြေ ကိစ္စ သူရေးသားထားတဲ့ သတင်းအချက်အလက်တွေက မှားနေတယ်။ အများသဘောတူညီမှု မရှိဘဲ လုပ်တယ်ဆိုတဲ့အချက်၊ အများသဘောမတူဘဲ အများပိုင် သုသာန်မြေကို ကျနော်တို့ မလုပ်ရဲဘူး၊ နောက်တခုက ကျေးရွာတာဝန်ခံပါ၁၅ ဦးက မြေရောင်းစားတယ်လို့ ရေးထားတယ်။ ဒါကြောင့် ကျေးရွာဂုဏ်သိက္ခာညိုးနွမ်းစေတယ်။ ဒါကြောင့် တရားစွဲရတာ"လို့ ပြောပါတယ်။

လက်ရှိသတင်းသမားတွေကို တရားစွဲဆိုရာမှ သတင်းသမားနဲ့ နစ်နာသည်ဟု တင်ပြသူကြား ညှိနှိုင်းဖြေရှင်းပေးနိုင်တဲ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကို တင်ပြတာမရှိဘဲ တရားလိုက ဦးတိုက်လျှောက်ထား တရားစွဲဆိုမှုတွေဟာ မီဒီယာကောင်စီကိုကျော်လွန်လုပ်ဆောင် နေတယ်လို့ သတင်းသမားတွေက ဝေဖန်ပြောဆိုနေကြပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013