DVB Logo
Home
မြန်မာသတင်း
အေဘီအက်စ်ဒီအက်ဖ်မြောက်ပိုင်း ဒုဥက္ကဋ္ဌနှင့် ၂ ဦးကို ရမန်မခြားဘဲ ၃ ရက်ဆက် ရုံးထုတ်
DVB
·
February 3, 2019
အေဘီအက်စ်ဒီအက်ဖ်မြောက်ပိုင်း ဒုဥက္ကဋ္ဌနှင့် ၂ ဦးကို ရမန်မခြားဘဲ ၃ ရက်ဆက် ရုံးထုတ်
Donate to DVB

ကချင်ပြည်နယ် မိုးညှင်းမြို့မှာ ပုဒ်မ ၁၇/၁ နဲ့ တရားစွဲဆို ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) မြောက်ပိုင်း ဒု ဥက္ကဋ္ဌ ကိုအောင်ဆွေဦး အပါအ၀င် ၃ ဦးကို ရမန်မခြားပဲ ၃ ရက်ဆက်တိုက် ရုံးထုတ်စစ်ဆေးမယ်လို့ ရှေ့နေဦးတင်လှိုင်က ပြောပါတယ်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာသဘောတူစာချုပ်(အန်စီအေ)လက်မှတ်ရေး ထိုးထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) မြောက်ပိုင်း ဒုဥက္ကဋ္ဌ ဦးအောင်ဆွေဦး၊ ရဲဘော်မောင်ဦးနဲ့ ဦးမောင်ကိန်း တို့ကို  မိုးညှင်းမြို့နယ် တရားရုံးက ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ရုံးထုတ်စစ်ဆေးမှာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၃၁ ရက်နေ့မှာ ၆ ကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက်နေ့မှာတော့ ၇ ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး စနေ၊ တနင်္ဂနွေခံနေတဲ့အတွက် တနင်္လာနေ့ ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ၈ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးမှာပါ။

တရားလိုပြသက်သေ ၁၁ ဦးကို စစ်ဆေးရမှာဖြစ်ပြီး ၇ ကြိမ်မြောက်ရုံးချိန်းအထိ ၆ ဦးကို စစ်ဆေးပြီးပြီလို့ သိရပါတယ်။

ကိုအောင်ဆွေဦးတို့ ၃ ဦးဟာ မိုးညှင်းအရှေ့စုရပ်ကွက်နေ အေဘီအက်စ်ဒီအက်ဖ် အဖွဲ့ဝင်ဟောင်းတဦးရဲ့ နာရေးကိုလာရင်း နိုဝင်ဘာ ၃ဝ ရက်နေ့က ကချင်ပြည်နယ် မိုးညှင်းမြို့မှာ တပ်မတော်က ဖမ်းဆီးပြီး မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇(၁) နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာတုန်းကလည်း ABSDF ဗဟိုကော်မတီဝင် ဦးမင်းဌေးကို ကေအိုင်အေ (ကချင်လွတ်မြောက်ရေးတပ်မတော်) နဲ့ ဆက်သွယ်မှုနဲ့ တပ်မတော်က တရားလိုလုပ်ကာ မတရားအသင်းဥပဒေနဲ့ အရေးယူခဲ့ပြီး ၈ လကျော်ကြာ အဖမ်းခံခဲ့ရပါတယ်။

သတင်း - မုန်းမုန်းမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013