DVB Logo
Home
မြန်မာသတင်း
ကျောင်းအင်္ဂါရပ်နှင့်မပြည့်စုံသည့် ကျောင်းဆောင်သစ်ကို ကျောင်းသားမိဘများ ကန့်ကွက်
DVB
·
February 3, 2019
ကျောင်းအင်္ဂါရပ်နှင့်မပြည့်စုံသည့် ကျောင်းဆောင်သစ်ကို ကျောင်းသားမိဘများ ကန့်ကွက်
Donate to DVB

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် မြို့မ ၃ ရပ်ကွက်မှာရှိတဲ့ အမက မူလွန် ကျောင်းကို မြေနေရာပြောင်းလဲပြီးဖွင့်လှစ်သွားမယ့် ကျောင်းဆောင်သစ်ဟာ ကျောင်း အင်္ဂါရပ်နဲ့ မပြည့်စုံတာကြောင့် ကျောင်းသားမိဘတွက ကန့်ကွက်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်မှ မြေအစားပေးကာ တည်ဆောက် လှူဒါန်းတဲ့ ကျောင်းဟာ ကျောင်းဆောင်သစ် စတင်မဆောက်ခင်အချိန်က ကျောင်းသားမိဘတွေကို ပြသခဲ့တဲ့ ကျောင်းဆောင်နမူနာပုံစုံနဲ့ ကျောင်းဆောင်သစ်ဆောက်လုပ်ပြီးချိန်မှာ ကျောင်းအင်္ဂါရပ်နဲ့ မပြည့်စုံပဲ ကွဲလွဲမှုတွေရှိနေသလို ကျောင်းသူ/ကျောင်းသားတွေအတွက်ပါ အန္တရယ်ရှိတာကြောင့် ကန့်ကွက်ရတာလို့ ကျောင်းသားမိဘတွေက ပြောပါတယ်။

ကိုထွန်းမင်းဝင်း (ကျောင်းသားမိဘ) က “သူတို့တွေ ပရိုဂျက်တာနဲ့ ထိုးပြတုန်းက သုံးထပ် ကျောင်းဆောင်ဖြစ်တယ်။ ပေနှစ်ဆယ်အကွာ မုန့်စားတန်း၊ အားကစားကွင်း၊ စက်ဘီးစတင်း၊ အိမ်သာဆိုလည်း ၆ ခန်းဖြစ်ရမယ်ဆိုပြီး ပြောဆိုခဲ့တယ်။ အခုချိန်မှာ သူတို့ ပြောဆိုတာနဲ့ အခု အဆောက်အဦနဲ့က အများကြီးကွာဟနေတယ်။ ကျောင်းက စထွက်တာနဲ့ ကားလမ်း ဖြစ်နေတယ်။ ကျောင်းက အရမ်းကျဉ်းပြီး အောက်ထက်က ကလေးတွေ ဆရာ/ဆရာမတွေအတွက် လေဝင်လေထွက် မရဘူး။ လူနေအိမ်တွေ ရင်ခွဲရုံတွေနဲ့ အရမ်းနီးတဲ့အတွက် ကန့်ကွက်ရတာ ဖြစ်တယ်”လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာတွေဆက်လုပ်မယ်ဆိုတာတော့ အထက်ကညွှန်ကြားချက်ပေါ် မူတည်ပြီးမှ သိရှိရမယ်လို့ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်စွာလင်းက ပြောပါတယ်။

ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ မြို့မ ၃ ရပ်ကွက် ရုံးပေါင်းစုံလမ်းမှာရှိတဲ့ ကျောင်းဆောင်သစ် ကို ပဲခူးတိုင်းအစိုးရအဖွဲ့ထံ လွဲပြောင်းပေးသွားမှာဖြစ်ပါတယ်။

ကျောင်းသားမိဖတွေ ကန့်ကွက်နေတာနဲ့ ပတ်သက်ပြီး RCM ဘုရားကျောင်းက တာဝန်ရှိသူကို သွားရောက်မေးမြန်းခဲ့ပေမယ့် တာဝန်ခံဖြေကြားပေးမယ့် သူမရှိတာကြောင့် မေးမြန်းလို့ မရရှိခဲ့ပါဘူး။

သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013