Home
မြန်မာသတင်း
“အိမ်ပြန်ချင်ပြီ” - လုလုအောင်
DVB
·
February 3, 2019
51163564_2056895471058765_9221542698614259712_o
51023196_2056873897727589_8773688836409524224_n
51138309_2056873961060916_955498861785251840_o
51116821_2056873857727593_2918107579559182336_n
ကချင်ပြည်နယ်က စစ်ဘေးသင့် ကလေးငယ်တွေရဲ့ ပညာရေးနဲ့ ကျန်းမာရေးအတွက် ရန်ပုံငွေရှာဖွေမယ့် ပွဲတော်တခုအတွက် လုလုအောင်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ကနေ ဖိတ်ခေါ်လိုက်ပါတယ်။ သူတင်နေကျ အလှဓာတ်ပုံတွေလို မဟုတ်ဘဲ ရန်ပုံငွေအတွက် ဖန်တီးထားတဲ့ တီရှပ်တွေကိုပဲ ဝတ်ထားတဲ့ပုံတွေကလည်း တမျိုးဆွဲဆောင်မှုရှိနေပြန်တာပါ။ ရိုးရှင်းတဲ့ သူ့ရဲ့ တီရှပ်တွေမှာ အိမ်ပြန်ချင်ပြီ လို့ ရိုက်နှိပ်ရေးသားထားပြီး ပုံ ၃ ပုံတည်း ဖြစ်ပေမယ့် သူ့ရဲ့ ပရိသတ်တွေကတော့ အရင်လိုပဲ အင်တိုက်အားတိုက် မျှဝေတာ၊ မှတ်ချက်ပေးတာတွေ ပြုလုပ်ကြပါတယ်။ ပွဲကိုတော့ ဖေဖော်ဝါရီ ၉ ရက်ညမှာ ရန်ကုန် ကမ္ဘာအေးဘုရားလမ်းက Goethe-Institut Myanmar မှာ  လုပ်မယ်လို့ ဆိုပါတယ်။ အဲဒီမှာ အဆိုတော်တွေရဲ့ ဖျော်ဖြေတာတွေ၊ ဖက်ရှင်ရှိုးတွေ၊ ပန်းချီကားရောင်းချတာတွေ၊ စစ်ဘေးသင့်သူတွေရဲ့ ထုတ်ကုန်ပစ္စည်းတွေ ရောင်းချတာအပြင်  ကချင်ရိုးရာ အစားအသောက် တွေ၊ ခေါင်ရည်တွေကို ဘူဖေးစနစ်နဲ့ ကျွေးမွေးမယ်လို့ ဆိုပါတယ်။ လက်မှတ်တစောင်ကို ၃ သောင်းကျပ်ဖြစ်တယ်လို့လည်း လုလုအောင်က ရေးသားထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024