DVB Logo
Home
မြန်မာသတင်း
ခမီတိုင်းရင်းသား မော်ကွန်းဝင်ရဲဘော် ၁၀၀ ကျော်အတွက် မော်ကွန်းကုန်း တည်ဆောက်မည်
DVB
·
February 3, 2019
ခမီတိုင်းရင်းသား မော်ကွန်းဝင်ရဲဘော် ၁၀၀ ကျော်အတွက် မော်ကွန်းကုန်း တည်ဆောက်မည်
Donate to DVB

မြောက်ဦးမြို့နယ်မှာ ခမီတိုင်းရင်းသားတွေရဲ့ မော်ကွန်းဝင်ရဲဘော် ၁၀၀ ကျော်အတွက်​ မော်ကွန်းကုန်း တည်ဆောက်သွားမယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် "အကြီးတော်မ" ကျေးရွာမှာ ခမီတိုင်းရင်းသား လွတ်လပ်ရေးမော်ကွန်းဝင်တွေအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ဦးအာဝင်း၊ ဦးအင်္ဂါ၊ ဦးအောင်ထွန်းကြီး၊ ဦးအာဦး အပါအဝင် မော်ကွန်းဝင် ၁၀၀ ကျော်တို့ကို ဂုဏ်ပြုတဲ့အနေနဲ့ မော်ကွန်းကုန်း တည်ဆောက်ဖို့ စတင်လုပ်ဆောင်နေတာပါ။

ခမီစာပေနှသင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဦးလေကျော်အောင်က "ဗမာတပ်မတော်နဲ့အတူ ဖက်ဆစ်ဂျပန်တွေကို တိုက်ထုတ်ရာမှာ တိုက်ပွဲဝင်ခဲ့ကြတဲ့ သူရဲကောင်းတွေကို မော်ကွန်းဝင် ပထမအဆင့် ဒုတိယအဆင့် တတိယအဆင့်အနေဖြင့် တော်လှန်ရေးကောင်စီခေတ်တုန်းက မော်ကွန်းဝင် ဆုတံဆိပ်များ ပေးအပ်ခဲ့တဲ့ ခမီတိုင်းလူမျိုး သူရဲကောင်းများအား ဂုဏ်ပြုတဲ့အနေနဲ့ အခုလို မော်ကွန်းကုန်းတခု သတ်မှတ်ကာ မြန်မာပြည်နေရာအနှံ့ ခမီလူမျိုး သူရဲကောင်းမော်ကွန်းဝင်များ၏ အရိုးဂူများကို ရှာဖွေဖော်ထုတ်ကာ အခု တည်ဆောက်မယ့် မော်ကွန်းကုန်းမှာ တစုတစည်းတည်း ဖြစ်အောင် ဂူငယ်လေးတွေနဲ့စနှစ်တကျတည်ဆောက်စုစည်းသွားမှာပါ။ မော်ကွန်းဝင် ဦးရေ စုစုပေါင်း ၁၁၀ လောက်ရှိပါတယ်။ အခုလောလောဆယ် မော်ကွန်းဝင် ပထမအဆင့် ၁ ဦး၊ ဒုတိယ အဆင့် ၁၃ ဦးနဲ့ တတိယအဆင့် ၇၇ ဦး ရရှိထားပြီ" လို့ ပြောပါတယ်။

မြောက်ဦးမြို့ "အကြီးတော်မ" ကျေးရွာ ကျောက်တိုက်ကျေးရွာမှာ ဂျပန်တပ်စခန်းချခဲ့တဲ့နေရာ၊ တော်လှန်ရေးကို ဦးဆောင်ခဲ့သူတို့ရဲ့ သင်္ချိုင်းအုတ်ဂူတွေ ဒီနေ့ထိ တည်ရှိနေသေးတယ်လို့ သိရပါတယ်။

မြောက်ဦးမြို့နယ် အကြီးတော်မတိုက်နယ် ကျောင်းတိုက်ကျေးရွာရှိ ဂျပန်စစ်ဌာနချုပ်ခွဲကို ဒေသခံတော်လှန်ရေးရဲဘော်တွေ သိမ်းပိုက်နိုင်ခဲ့တဲ့ အထိမ်းအမှတ်အဖြစ် အကြီးတော်မကျေးရွာမှာ မော်ကွန်းကုန်း တည်ဆောက်ဖို့ စီစဉ်တာလို့ ဆိုပါတယ်။

ဒါ့အပြင် ကျောင်းတိုက်ရွာရှိ ဂျပန်တပ်စခန်းကို သိမ်းပိုက်ခဲ့တာကို သမိုင်းမှတ်တမ်းအချို့မှာ ပျားတဲ ကျောင်းတိုက်လို့ မှားယွင်းမှတ်တမ်းတင်နေကြပြီး သမိုင်းမှန်ဖြစ်စေလိုတယ်လို့ ဦးလေကျော်အောင်က ပြောပါတယ်။

"မော်ကွန်းကုန်းအကြောင်းကိုပြောမယ်ဆိုရင် ကျောင်းတိုက်ကျေးရွာကို ချန်လှပ်ထားခဲ့လို့ မရဘူး၊ ဘာဖြစ်လို့လဲဆိုတော သမိုင်းအချို့မှာ ပျားတဲကျေးရွာရဲ့ ကျောင်းတိုက်နေရာလို ဖြစ်နေပါတယ်။ ကျောင်းတိုက်ကျေးရွာက သီးခြားရွာတရွာဖြစ်တယ်။ အဲ့ဒီကျောင်းတိုက် ကျေးရွာက ဖက်ဆစ်ဂျပန်တော်လှန်ရေးကာလကလည်း အိမ်ခြေ ၁၇ အိမ်ရှိပြီး အခုလည်း ၁၇ အိမ်သာ ရှိတယ်” လို့ ပြောပါတယ်။

အခုတည်ဆောက်မည့် မော်ကွန်းဝင်ကုန်း မြေ ၂ ဧကကိုလည်း အလှူရှင် စေလှထွန်းက လှူဒါန်းတာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013