DVB Logo
Home
မြန်မာသတင်း
ဖွံ့ဖြိုးဆဲနိုင်ငံငယ်များ ရင်ဆိုင်နေရသည့် စိန်ခေါ်မှု ပူးပေါင်းလုပ်ဆောင်ရန် မြန်မာနှင့်ကမ္ဘောဒီးယား ဆွေးနွေး
DVB
·
February 2, 2019
ဖွံ့ဖြိုးဆဲနိုင်ငံငယ်များ ရင်ဆိုင်နေရသည့် စိန်ခေါ်မှု ပူးပေါင်းလုပ်ဆောင်ရန် မြန်မာနှင့်ကမ္ဘောဒီးယား ဆွေးနွေး
Donate to DVB

ဖွံ့ဖြိုးဆဲနိုင်ငံငယ်များ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ၊ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်တွေကို အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒုတိယအကြိမ် မြောက် မြန်မာ ကမ္ဘောဒီးယားနှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကော်မရှင် အစည်းအဝေး တက်ရောက်ဖို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကမ္ဘောဒီးယားဒုဝန်ကြီးချုပ်နဲ့အဖွဲ့ကို သမ္မတအိမ်တော်မှာ မနေ့မွန်းလွဲပိုင်းက တွေ့ဆုံခဲ့တာပါ။

တွေ့ဆုံပွဲမှာ နှစ်နိုင်ငံပြည်သူများ၏ အပြန်အလှန် ဘုံအကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ နှစ်နိုင်ငံ ခေါင်းဆောင်တွေ ချစ်ကြည်ရေးခရီး အပြန်အလှန် သွားရောက်ရေး၊ စီးပွားရေးနဲ့ လူမှုယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်တွေ၊ ပြည်သူအချင်းချင်းအကြား ထိတွေ့ဆက်ဆံမှု မြှင့်တင်ရေးကိစ္စရပ်တွေ၊ ဖွံ့ဖြိုးဆဲနိုင်ငံငယ်တွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ၊ အကျိုးတူကိစ္စတွေကို နိုင်ငံတကာ မျက်နှာစာမှာ စည်းလုံးညီညွတ်စွာ အတူရပ်တည် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို ကမ္ဘောဒီးယားနိုင်ငံ လာရောက်လည်ပတ်ဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်က ဖိတ်ကြားကြောင်း ဒုဝန်ကြီးချုပ် မစ္စတာ ပရတ်ဆုတ်ခွန်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။

အဆိုပါအစည်းအဝေးကို နှစ်နိုင်ငံ ၀န်ကြီးအဆင့်နဲ့ သံတမန်အဆင့် တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ်ဟာ သမ္မတ ဦးဝင်းမြင့်နဲ့လည်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013