DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
February 2, 2019
Donate to DVB

မတ်ပဲ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ၀င် ၁ အိတ်ကို ၅၅၄၀၀ ပေါက်ဈေးရှိပြီး ၄၀၀ ကျပ်ဈေးတက်လာပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ မတ်ပဲ ၁ အိတ်ကို ၆၃၀၀၀ မှ ၆၈၀၀၀ ပေါက်ဈေးရှိပြီး မနေ့ကအတိုင်း ဈေးပြောင်းလဲမှုမရှိပါဘူး။ ရန်ကုန်နှင့် မန္တလေးကုန်စည်ဒိုင်မှာ ၁၂၆၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံနီ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (ဟောင်း) က ပိဿာ ၆၀ ၀င် ၁ အိတ်ကို ၆၅၆၀၀  ပေါက်ဈေးရှိပြီး မနေ့ဈေးအတိုင်း အပြောင်းလဲမှုမရှိပါဘူး။ မန္တလေး ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (သစ်) ၁ အိတ်ကို ၆၃၀၀၀ မှ ၇၅၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေး ကျဆင်းသွားပါတယ်။ ရန်ကုန်နှင့် မန္တလေးကုန်စည်ဒိုင်မှာ ၉၄၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲထောပတ်

မန္တလေးကုန်စည်ဒိုင်မှာ ပဲထောပတ်က ၅၆.၂၅ ပိဿာဝင် ၁ အိတ်ကို ၁၁၂၀၀၀ မှ ၁၂၀၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၅၀၀၀ ကျပ်ဈေး တက်လာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ပဲထောပတ် ၁ အိတ်ကို ၁၀၂၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ မန္တလေးနှင့်မုံရွာကုန်စည်ဒိုင်မှာ ၁၈၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ပဲကြီး

မန္တလေးပွဲစားကုန်သည် စက်ပိုင်အသင်းမှာ ပဲကြီးက ၅၅.၂၅ ပိဿာဝင် ၁ အိတ်ကို ၆၃၀၀၀ ကနေ ၈၅၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၅၀၀၀ ကျပ်ဈေးကျ ဆင်းသွားပါတယ်။ အောင်လံကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၇၈၀၀၀ ကနေ ၈၄၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေး နဲ့ အောင်လံကုန်စည်ဒိုင် ၁ အိတ်ကို ၁၀၀၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။

စားအုန်းဆီ

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ စားအုန်းဆီက ၁ ပိဿာကို ၁၆၈၀ ကနေ ၁၆၈၅ ကျပ်ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၅ ကျပ်ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ ၁ ပိဿာကို ၁၇၂၀ ကနေ ၁၇၄၀ ပေါက်ဈေး ရှိပြီး ၁၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မန္တလေး နဲ့ မြင်းခြံကုန်စည်ဒိုင် ၁ ပိဿာကို ၅၅ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

ကြက်သွန်နီ

ကြက်သွန်အဓိကထွက်ရှိတဲ့ ပခုက္ကူကုန်စည်ဒိုငမှာ ကြက်သွန်နီက ၁ ပိဿာကို ၈၀ ကျပ်ဈေး တက်လာပြီး ဒီနေ့ပေါက်ဈေးက ၁ ပိဿာကို ၁၀၀ ကနေ ၅၂၅ ကျပ် ရှိပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ ၁ ပိဿာကို ၁၀၀ ကနေ ၅၇၅ ကျပ်ရှိပြီး ၁ ပိဿာကို ၂၅ ကျပ်ဈေး ကျဆင်းသွားပါတယ်။ ပခုက္ကူ နဲ့ မြင်းခြံကုန်စည်ဒိုင် ၁ ပိဿာကို ၅၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013