DVB Logo
Home
မြန်မာသတင်း
ရန်ကုန်ဆေးရုံကြီးတွင် ကင်ဆာရောဂါ ဓာတ်ရောင်ခြည် ကုသသည့်စက်များ လိုအပ်နေသေး
DVB
·
February 2, 2019
ရန်ကုန်ဆေးရုံကြီးတွင် ကင်ဆာရောဂါ ဓာတ်ရောင်ခြည် ကုသသည့်စက်များ လိုအပ်နေသေး
1 / 9
Donate to DVB

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကင်ဆာရောဂါဝေဒနာရှင်တွေအတွက် ဓာတ်ရောင်ခြည် ကုသတဲ့စက်တွေ လိုအပ်နေသေးတယ်လို့ ကင်ဆာဌာန တာဝန်ရှိသူက ပြောပါတယ်။

လတ်တလောမှာတော့ ကင်ဆာဌာနမှာ ဓာတ်ရောင်ခြည် ကုသနိုင်တဲ့စက် ၄ လုံးပဲရှိလို့ ဓာတ်ရောင်ခြည်ကုသဖို့လိုအပ်တဲ့ ကင်ဆာရောဂါဝေဒနာရှင်တွေဟာ အလှည့်ကျစနစ်နဲ့ စောင့်ဆိုင်းနေကြရတာပါ။

များပြားလာတဲ့ ကင်ဆာရောဂါဝေဒနာရှင်တွေကို ကုသမှုပေးနိုင်ဖို့ ရန်ကုန်ဆေးရုံကြီး ကင်ဆာဌာနမှာ ဆရာဝန်၊ ဆရာမတွေ တိုးချဲ့ခန့်အပ်တာတွေ၊ ကုသမှုနည်းပညာတွေ ပိုကောင်းမွန်အောင်လုပ်ဆောင်ထားပေမယ့် စက်အလုံအလောက်မရှိတဲ့အတွက် လူနာတွေကို ရာနှုန်းပြည့်ကောင်းမွန်အောင် ကုသမပေးနိုင်သေးဘူးလို့ ပြောပါတယ်။

ဒါ့အပြင် ကင်ဆာရောဂါဝေဒနာရှင်တွေအတွက် အစိုးရရဲ့ ထောက်ပံ့မှုနဲ့ ကင်ဆာဆေးတွေကိုပေးနိုင်ပေမယ့် တခါတရံမှာ ဆေးပြတ်လပ်တာတွေရှိနေတာကြောင့် တချို့လူနာတွေဟာ ဆေးတွေကို အပြင်က ဝယ်ယူနေရပါတယ်။

ကင်ဆာဌာနအနေနဲ့ ကင်ဆာဆေးတွေကိုပေးအပ်ရာမှာ လူနာအားလုံး မျှမျှတတ ရရှိအောင်ထောက်ပံ့ပေးထားတယ်လို့ အဲဒီတာဝန်ရှိသူက ပြောပါတယ်။

ကင်ဆာရောဂါဝေဒနာရှင်တွေအနေနဲ့လည်း ကင်ဆာရောဂါဖြစ်ပွားနေတာကို စောစောစီးစီး သိပြီး မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ကုသဖို့လိုအပ်ပြီး မှန်မှန်ကန်ကန် ဆေးကုသတာတွေမလုပ်ဘဲ ဆေးရုံရောက်လာမယ်ဆိုရင်တော့ ရာနှုန်းပြည့်ပျောက်ကင်းအောင် ကုသဖို့ ခက်တယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၃ ရက်နေ့ကလည်း ရန်ကုန် ပြည်သူ့ဆေးရုံကြီးဝင်းအတွင်းမှာ အသစ်ဆောက်လုပ်တဲ့ ၅ ထပ် ကင်ဆာ ကုသဆောင်သစ်ကို ဖွင့်လှစ်ခဲ့ပါတယ်။

ရန်ကုန်ဆေးရုံကြီးမှာရှိတဲ့ ဓာတ်ရောင်ခြည်ကင်ဆာကုသဆောင်ဟာ ကုတင် ၈၀ သာဆံ့ပြီး နေ့စဉ်ကုသမှုခံယူနေတဲ့ လူနာဦးရေဟာ ၂၀၀ ကျော်ရှိနေတဲ့အတွက် လူနာဦးရေနဲ့ လိုအပ်တဲ့ ကုတင်အရေအတွက် မျှတမှုမရှိတာကြောင့် ကင်ဆာကုသဆောင်အသစ်ကို ထပ်မံဖွင့်လှစ်ခဲ့တာပါ။

ရန်ကုန်ဆေးရုံကြီးကင်ဆာဌာနမှာတော့ သားအိမ်ခေါင်းကင်ဆာ၊ ရင်သားကင်ဆာ၊ အစာအိမ် အူလမ်းကြောင်းကင်ဆာ၊ အဆုတ်ကင်ဆာ စတဲ့ ကင်ဆာရောဂါတွေကို အများဆုံး ကုသပေးနေတာဖြစ်ပြီး တနေ့ကို လာရောက်ကုသမှုခံယူတဲ့ ပြင်ပလူနာ ၃၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

သတင်းနှင့်ဓာတ်ပုံ - ဆုဆုသွယ်

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013