DVB Logo
Home
Lead Story
ရခိုင်ငါးပိစစ်စစ်တွေ ထုတ်လုပ်နိုင်ဖို့ အခက်တွေ့နေတဲ့ အောင်​ဗလ ​ကျေးရွာလေး
DVB
·
February 2, 2019
ရခိုင်ငါးပိစစ်စစ်တွေ ထုတ်လုပ်နိုင်ဖို့ အခက်တွေ့နေတဲ့ အောင်​ဗလ ​ကျေးရွာလေး
1 / 7
Donate to DVB

ရခိုင်ပြည်နယ်၊ ​မောင်​​တောမြို့အနီး​ မြစ်ကမ်းနားဘေးရှိ အောင်​​ဗလ​ကျေးရွာ​လေးဟာ ရခိုင်​ငပိစစ်​စစ်​တွေ ထုတ်​လုပ်​ပြီး မြန်​မာပြည်​အနှံ့ တင်​ပို့​ရောင်းချ​နေတဲ့​ တံငါရွာလေး တရွာအဖြစ် လူသိများပါတယ်​။

၂၀၁၆ ကျီးကန်းပြင်​ဌာနချုပ်​ အကြမ်းဖက်တိုက်​ခိုက်​ခံရပြီး​နောက်ဖြစ်ပွားခဲ့တဲ့​ ၂၀၁၇ အကြမ်းဖက်​မှုဖြစ်စဉ်တွေကြောင့် ရွာမှာရှိတဲ့ တံငါသည်​တွေဟာ  မြစ်​ပြင်​ကို ငါးပုဇွန်ရှာ​သွား​ရောက်​တာကို အာဏာပိုင်တွေက တားမြစ်ကန့်​သတ်​လိုက်​ပါတယ်။

ဒါ့အပြင် နယ်​ခြား​စောင့်တပ်နဲ့ ​ရေတပ်​တို့ကလည်း ရွာသားတွေကို တပတ်မှာ  ၃ ရက်​လောက်သာ ငါးပုဇွန်ရှာခွင့်ပြုပြီး အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ရမှာသာ မြစ်​ပြင်​ကို သွားခွင့်ရတာ ဖြစ်ပါတယ်။

လက်ရှိ ငပိထုတ်​လုပ်​သူတွေ ကြုံ​တွေ့​နေရတဲ့ အခက်​အခဲ့တွေကို ​အောင်​ဗလ​ကျေးရွာနေ တံငါသည်​ ဦး​ရွေထွန်းစိန်​က "ကျနော်တို့ အခုအခက်အခဲတွေက အဝေးကို ငါးရှာမထွက်ရဘူး။ တောင်ဘက်မှာ မကျည်းချောင်း၊ မြောက်ဘက်မှာ ကညင်ချောင်း အနီး လောက်သာ ငါးရှာခွင့်ပြုထားတယ်။ အဝေးကိုသွားရှာလို့မရတောဘူး။ ငါးရှာရင်လည်း ဟိုဘက်က တခါတခါ ငါးရနိုင်မယ့်အချိန် မိမိစိတ်ကြိုက် မထွက်ရဘူး။ အခြေအနေမကောင်းဆိုရင် လေးငါးရက်လောက် ငါးရှာခွင့်ပိတ်ထားတယ်။ သူတို့ခွင့်ပြုတဲ့ အချိန်မှာ ငါးရမရနိုင်တောဘူး။ ဒီရေ အတက်နဲ့မှ ငပိလုပ်နိုင်တဲ့ မျှင်ပုဇွန် က ရရှိတာပါ။ ဒီရေတက်ချိန်မှာ ရှာခွင့်မရ ဒီရေကျချိန်မှာ ခွင့်ပြုတော့ ဘယ်လို ရှာရတောမလဲ” လို့ ပြောပါတယ်။

ကုန်ကြမ်းမရလို့ ငါးပိများများမထုတ်လုပ်နိုင်  ငါးပိများများဝယ်မရတော့လို့ အရင်ကလို ကျောက်ဖြူနဲ့ ရန်ကုန်ကနေ ငါးပိအဝယ်ဒိုင်တွေကလည်း မလာကြတော့ဘူးလို့ ဆိုပါတယ်။

“တံငါသည်တွေဟာ အရင်က ငါးပိတစ်ပိဿာ ကျပ် ၅၀၀၀ လောက်​ရခဲ့ပေမယ့် အခု ကျပ် ၃၀၀၀ လောက်နဲ့ မောင်တောမြို့ကို ပတ်ပြီးရောင်းနေရတယ်။ အရက်က အဝယ်ဒိုင်တွေက ပိဿာ၁၀၀ဆိုလည်း ၀ယ်​တယ်​။ ၂၀၀ ဆိုလည်းဝယ် ယူသွားတယ်။ အခုက သူတို့ကလည်း ငပိအများကြီးမရတဲ့အတွက်​ မလာကြတော့ အခက်တွေ့နေရတယ်”လို့ ရွာသား တယောက်က ပြောပါတယ်။

အကြမ်းဖက်​မှုတွေ  မဖြစ်ခင် ​ ၂၀၁၄-၁၅ ခုနှစ်တွေတုန်းကတော့ ငါးပိအ၀ယ်​ဒိုင်​ တဒိုင်ကို ရခိုင်​ငါးပိ ပိဿာချိန်​ ၁၀၀၀၊ အ၀ယ်​ဒိုင်​ ၄ ဒိုင်​အတွက်​ငါးပိ ပိဿချိန်​ ၄၀၀၀ ​​လောက်​အထိ ထုတ်​လုပ်​​ရောင်းချ နိုင်ခဲ့တယ်လို့ သိရပါတယ်။

ငါးပိထုတ်လုပ်ရောင်းချတဲ့ မဖြူမက" အခုအခြေအနေက ရှာဖွေလို့မရပါ။ တပတ်မှာ ၃ ရက်သာသွားရတယ်။ ၄ ရက်က ပိတ်ထားတယ်။ မျှင်ရနိုင်မယ့် ညအချိန်တွေမှာ ရှာခွင့်မရ မနက် ၇ နာရီမှ သွားရတယ်။ ၄ နာရီမှာ ပြန်လာရတယ် ချောင်း/ မြစ်ထဲကို မဆင်းရဘူး။ နယ်ခြားစောင့်က ပိတ်ထားတယ်။ ရေတပ်က တားဆီးတယ်။  ဒါကြောင့် ငါးပိများစွာ မထုတ်လုပ်နိုင်တော့ဘူး ရတာကနည်းသွားတယ်။ ၇ ရက် တပတ်မှာမှ တဦး လေးပိဿာ ငါးပိဿာလောက်သာ ရတော့တယ်။ အရင်တုန်းက ဆိုရင် လူတဦး ပိဿာ ၅၀ လောက်အထိ ထုတ်လုပ်နိုင်တယ်"လို့ရှင်းပြပါတယ်။

ရခိုင်​ငါးပိဟာ မြန်​မာပြည်​မှာ  လူကြိုက်များပြီး ရခိုင်​အ​ခေါ် မျှင် ​သေးငယ်​​တဲ့ ပုဇွန်​ငယ်​​လေးတွေ သက်သက်နဲ့ လုပ်​ထားတာဖြစ်ပါတယ်​။

ရခိုင်ငါးပိစစ်စစ်​သာ အောင်ဗလကျေးရွာမှာ ထုတ်လုပ်တာဖြစ်ပြီး ငါးပိထုတ်လုပ်ပုံ အဆင့်ဆင့်ကိုတော့ ရွာသား  ဦး​ရွှေထွန်းစိန်​က “ ဒီငါးပိက မျှင်ရှယ်"လို့ခေါ်တယ် ဒီမျှင်ပုဇွန်ကို နေပူလှန်းတယ်။ တခါလှန်းတယ်။ ခြောက်လာယင် ထောင်းရတယ်။  ၂ စပ်ထောင်းရတယ်။ ၂ စပ်ထောင်ပြီးမှသာ ငပိကောင်းဖြစ်တယ်။ ၁ စပ်ထောင်းမယ် ပြန်ပြီလှန်းရမယ် နောက် ၁ ဆပ်ထောင်းရမယ်။ ဒီကငပိက အစစ်ပဲ။  မျှင်ရှယ်"ငပိဖြစ်တယ်။ ငါးတွေရောမပါဘူး။ ရခိုင်ငပိ အစစ်ဖြစ်တယ်။ ကျနော်တို့ အောင်ဗလ ကျေးရွာမှာ ငပိလုပ်စားလာတာ နှစ်ပေါင်း ၅၀ ကျော်ပါပြီ”လို့ ပြောပါတယ်။

အောင်​ဗလကျေးရွာလေးဟာ ရခိုင်ပြည်နယ်၊ မောင်​​တောမြို့​နယ်၊ ရွှေစား​ကျေးရွာအုပ်​စုမှာ တည်​ရှိ​တဲ့ တိုင်းရင်းသားရွာ​လေးတစ်​ရွာဖြစ်​ကာ အိမ်​​ခြေ ၁၀၀ ​ကျော်​၊  လူဦး​ရေ ၅၀၀ ​ လောက် အေးအေးချမ်းချမ်း နေထိုင် ငါးပိလုပ်ငန်းကို လုပ်ကိုင်အသက်မွေးနေကြတဲ့ ရွာကလေး ဖြစ်ပါတယ်​။

ဗညား

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013