DVB Logo
Home
မြန်မာသတင်း
သရက်မြို့ပဋိပက္ခ ရဲက ရာဘာကျည်ဖြင့် ပစ်ခတ်ဖြိုခွင်း၊ ၁၈ ဦး ဒဏ်ရာရ
DVB
·
February 2, 2019
သရက်မြို့ပဋိပက္ခ ရဲက ရာဘာကျည်ဖြင့် ပစ်ခတ်ဖြိုခွင်း၊ ၁၈ ဦး ဒဏ်ရာရ
Donate to DVB

သရက်မြို့ လမ်းမတော်လမ်းမှာ မနေ့ညနေပိုင်းက ဒေသခံများကြား ပဋိပက္ခ ဖြစ်ပွားခဲ့လို့ ရဲတပ်ဖွဲ့က ရာဘာကျည်နဲ့ ပစ်ခတ်ဖြိုခွင်းရာမှာ ရွာသားတွေက ပြန်လည်ခုခံတာကြောင့် အရပ်သား ၁၆ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မကွေးတိုင်း သရက်မြို့ လမ်းမတော်လမ်းမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ ညနေ ၅း၃၀ နာရီလောက်က လက်ဖက်ရည်ဆိုင်ရှေ့ ရပ်ထားတဲ့ probox ကားကို ဘောလုံးပွဲကပြန်လာတဲ့ ရေပေါ်ကျွန်းရွာသားတဦးက လက်နဲ့ ပုပ်ရာကနေ နှစ်ဖက်ခိုက်ရန်ဖြစ်ပွားရာကနေ ပဋိပက္ခဖြစ်ပွားခဲ့တာပါ။

နှစ်ဖက် အပြန်အလှန်ခိုက်ရန်ဖြစ်ပွားပြီးနောက် ရေပေါ်ကျွန်းကျေးရွာက ရွာသားတွေ စက်လှေနဲ့ ထပ်မံရောက်ရှိလာပြီး အင်အား ၁၀၀ ကျော်လောက် ဖြစ်လာခဲ့လို့ ရဲတပ်ဖွဲ့က လူစုခွဲဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။

ရေပေါ်ကျွန်းရွာသားတွေက ခဲတွေ၊ တုတ်တွေနဲ့ ပစ်ပေါက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့က ရာဘာကျည်နဲ့ ပစ်ခတ်လူစုခွဲရာမှာ ရွာသား ၁၆ ဦး ဒဏ်ရာရရှိခဲ့ပြီး သရက်ခရိုင်ဆေးရုံမှာ တက်ရောက်ဆေးကုသမှု ခံယူနေရပါတယ်။

ရဲတပ်ဖွဲ့ဘက်ကလည်း ရဲတပ်ကြပ်ကြီး သန်းတင့်နဲ့ ရဲတပ်သား ချစ်မင်းထွေးတို့ ဒဏ်ရာရရှိခဲ့ကြတယ်လို့ သိရပါတယ်။

သရက်မြို့မရဲစခန်း တာဝန်မှူး ဒုရဲအုပ်မနွေးက “အသေအပျောက်မရှိပါဘူး၊ လူမျိုးရေး အဓိကရုဏ်းမျိုး ဖြစ်ပေါ်ခြင်း မဟုတ်ပါဘူး” လို့ ပြောပါတယ်။

မြို့နယ်အုပ်ချုပ်ရေးမှူး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေက အဲဒီနေရာကို သွားရောက်ပြီး အခြေအနေတည်ငြိမ်အောင် လုံခြုံရေးချထားတယ်လို့ သိရပါတယ်။

သတင်း - ဘဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013