DVB Logo
Home
မြန်မာသတင်း
အဆိုတော် ကိုမင်းနောင်အလွမ်းပြေ နီနီဝင်းရွှေနှင့် စုံတွဲသီဆိုထားသည့် သက်ဝေသီချင်း (ရုပ်သံ)
DVB
·
February 1, 2019
အဆိုတော် ကိုမင်းနောင်အလွမ်းပြေ နီနီဝင်းရွှေနှင့် စုံတွဲသီဆိုထားသည့် သက်ဝေသီချင်း (ရုပ်သံ)
Donate to DVB

ကွယ်လွန်သွားပြီဖြစ်တဲ့ ဝါရင့် ဂန္ထဝင်အဆိုတော်ကြီး ကိုမင်းနောင် အလွမ်းပြေ အမှတ်တရအဖြစ် သူနဲ့အတူ တွဲဖက်သီဆိုခဲ့ဖူးတဲ့ သက်ဝေ အမည်ရတဲ့ သီချင်းကို အဆိုတော် နီနီဝင်းရွှေက သူ့ရဲ့ ဖေ့စ်ဘွတ်ခ် အင်တာနက်စာမျက်နှာပေါ်ကတဆင့် မျှဝေထားပါတယ်။

“သစ္စာမဏ္ဍိုင် မြဲခိုင်ခဲ့ပေ… မေတ္တာမိုးတွေ သွန်းဖြိုးရွာစွေ… အသည်းမှာ စွဲမက် အသက်ကို ပုံတယ်…လေ… တကိုယ်လုံးသိမ်းကျုံး… လိုရာသုံး သက်ဝေ… အပြုံးမပျက် ပေါင်... စိတ်လက်ရှည်ရှည်… အချစ်အတွက်ဖြင့် အသက်ပင် သေသေ”

ဒီသီချင်းကိုတော့ မြန်မာ့ဂီတလောကမှာ ထင်ရှားခဲ့တဲ့ တေးရေးဆရာကြီး မြို့မငြိမ်းက ရေးသားခဲ့တာဖြစ်ပြီး အဆိုတော် ပြည်လှဖေနဲ့ မေရှင်တို့က ပထမဆုံး တွဲဖက်သီဆိုခဲ့ကြကာ နောက်ပိုင်းမှာ အဆိုတော်ပေါင်းများစွာက ပြန်လည်သီဆိုပြီး အောင်မြင်ခဲ့တဲ့ သီချင်းတပုဒ် ဖြစ်ပါတယ်။

“အသွေးယူ အသားကို လှူလှူ… စိတ်တူတယ် ရီရီ... ပြုံးပြုံး မဒ္ဒီဒေဝီ ဝေသာန်ထုံးလို နှလုံးပြုကာ…  ကြည်ဖြူမှာတွေ... သက်ဝေ အလိုကျ ဆိုသမျှ… ကိုယ် ရော စိတ်က လိုက်လျောရပါမယ်..လေ”

ခုမျှဝေခဲ့တဲ့ သီချင်းကိုတော့ နီနီဝင်းရွှေနဲ့ ကိုမင်းနောင်ဟာ ၂၀၁၆ ခုနှစ် ဂန္ထဝင် တေးသံရှင်များ မြန်မာသံ တေးဂီတဖျော်ဖြေပွဲတခုမှာ သီဆိုထားခဲ့ကြတာပါ။

ဒီသီချင်းနဲ့အတူ ဖေ့စ်ဘွတ်ခ်ပေါ်မှာတော့ ခုလိုရေးသား ဖော်ပြထားခဲ့တာကို တွေ့ရပါတယ်။

“၂၀၁၆ ခုနှစ်က နီနီဝင်းရွှေနှင့် ဂန္ထဝင်တေးသံရှင်များ မြန်မာသံတေးဂီတ ဖျော်ဖြေပွဲကြီးမှာ ချစ်ရတဲ့ ဒယ်ဒီ တေးသံရှင် ဦးမင်းနောင်နဲ့ နီနီတို့ စုံတွဲသီဆိုထားတဲ့ သက်ဝေဆိုတဲ့ မြန်မာသံစဉ် ခေတ်ဟောင်းတေးလေးကို အတူတွဲပြီး သီဆိုခဲ့ပါတယ်... ဒီသီချင်းလေးကို တေးချစ်သူများအတွက် အမှတ်တရ တင်ပေးလိုက်ပါတယ်နော်”

ဝါရင့် မြန်မာသံ ဂန္ထဝင်အဆိုတော်ကြီး ကိုမင်းနောင် အသက် ၈၈ နှစ်ဟာ  ဇန်နဝါရီ ၃၁ ရက် ညနေက ရန်ကုန်မြို့၊ အာရှတော်ဝင် ဆေးရုံမှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013