DVB Logo
Home
မြန်မာသတင်း
ဘုရင့်နောင်မင်းတရားကြီး၏ ပဲခူးဟံသာဝတီ မြို့ရိုးဟောင်းပြန်လည်တူးဖော်
DVB
·
February 1, 2019
ဘုရင့်နောင်မင်းတရားကြီး၏ ပဲခူးဟံသာဝတီ မြို့ရိုးဟောင်းပြန်လည်တူးဖော်
1 / 6
Donate to DVB

ဒုတိယမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့တဲ့ ဘုရင့်နောင်မင်းတရားကြီးရဲ့ ပဲခူးဟံသာဝတီ မြို့ရိုးဟောင်းနဲ့ ကျုံးရိုးကို ပြန်လည်တူးဖော်နေပါတယ်။

ပဲခူးတိုင်းဒေသကြီး အစိုးရရန်ပုံငွေကနေ ကျပ်ငွေသန်းပေါင်း ၁၈၀ လောက် အသုံးပြုပြီး ဇန်န၀ါရီ ၁၇ ရက်က စတင်  ပြန်လည်တူးဖော်နေတာမှာ ပထမအဆင့်အနေနဲ့ ကျုံးအကျယ် ၂၁၃ ပေကို တူးဖော်ပြီး ကျုံးရိုး အလျှား ၁၈၀၀ ပေကို မြေဖို့သွားဖို့ ရှိပါတယ်။

ကျုံးရိုးကို ပြန်လည်တူးဖော်ပြီးပါက အရင် ဘုရင့်နောင်မင်းတရားကြီး လက်ထက်က တည်ဆောက်ခဲ့တဲ့ လက်ရာတွေကို လေ့လာနိုင်မှာဖြစ်သလို ပဲခူးမြို့ကြီးကလည်း ပိုမို သာယာလှပလာမယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးနီလာက ပြောပါတယ်။

အခုလို ပြန်လည်တူးဖော်မယ့် ကျုံးဧရိယာအတွင်းမှာ ကျောက်ကြီးစုရပ်ကွက်က အိမ်ခြေ ၆၀၊ ရုံးကြီးရပ်ကွက်မှာက အိမ်ခြေ ၄၀ လောက်နဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြေစာရင်းနဲ့ ဆက်သွယ်ရေးဌာနက၀န်ထမ်းလိုင်းခန်းတွေက ကျုံးဧရိယာအတွင်း ဆောက်လုပ်ထားတာရှိနေလို့ ဖယ်ရှားပေးဖို့ အကြောင်းကြားစာပေးပို့ထားတယ်လို့ ဆိုပါတယ်။

စီမံကိန်း စတင်နေပြီဖြစ်လို့ ကျုံးရိုးအတွင်း ကျူးကျော်နေထိုင်သူတွေကိုပြီးခဲ့တဲ့ နိုဝင်ဘာလ ကလည်းက  ဖယ်ရှားပေးဖို့ အကြောင်းကြားစာပေးပို့ထားပြီး ဌာနဆိုင်ရာ အဆင့်ဆင့်ကိုလည်း တင်ပြသွားမယ်လို့ ရှေးဟောင်းသုတေသနဌာနနှင့်  အမျိုးသားပြတိုက် ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးနီလာ ကပြောပါတယ်။

အဲဒီကျုံးရိုးဧရိယာအတွင်းမှာ ကျူးကျော်နေထိုင်သူတွေအများစုဟာ လက်လုပ်လက်စား ဆင်းရဲသားတွေ ဖြစ်ကြပြီး နေစရာအိမ်ထပ်ရှာဖို့  အဆင်မပြေကြဘူးလို့ သိရပါတယ်။

ဒါ့အပြင် ကျောင်းသားတွေလည်း ရှိနေတဲ့အတွက် ကျောင်းသားတွေ စာမေးပွဲပြီး အောင်စောင့်ပြီးမှာ ဖယ်ရှားဖို့ မေတ္တာရပ်ခံထားတဲ့အပြင် နေဖို့ နေရာလည်း တောင်းထားတယ်လို့ ကျုံးရိုးအတွင်း ကျူးကျော်နေထိုင်သူတွေက ပြောပါတယ်။

ဟံသာဝတီမြို့ရိုးဟောင်းနဲ့ ကျုံးရိုးတူးဖေါ်တဲ့လုပ်ငန်းကို Asia Peacock ဟံသာဝတီ ကုမ္ပဏီက တာဝန်ယူ လုပ်ဆောင်နေတာဖြစ်ပြီး ဒီစီမံကိန်းကို ၃လ နဲ့  အပြီး ဆောင်ရွက်နိုင်အောင်  စီစဉ်ထားတယ်လို့  ကုမ္ပဏီရဲ့ မန်နေဂျင်းဒါရိုက်တာက ပြောပါတယ်။

သတင်းနှင့်ဓာတ်ပုံ -အောင်စိုးမိုး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013