DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံရေးပါတီများအနက် အန်အယ်လ်ဒီပါတီ၏ ဖေ့စ်ဘွတ်ခ် Like အများဆုံးရရှိ
DVB
·
February 1, 2019
မြန်မာနိုင်ငံရေးပါတီများအနက် အန်အယ်လ်ဒီပါတီ၏ ဖေ့စ်ဘွတ်ခ် Like အများဆုံးရရှိ
Donate to DVB

မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီတွေထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီဟာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ Like အများဆုံးနဲ့ ထိပ်ဆုံးမှာ ရှိနေတယ်လို့ မြန်မာဆိုရှယ်မီဒီယာဖွံ့ဖြိုးရေးအဖွဲ့ (SMDM) က ထုတ်ပြန်ပါတယ်။

မြန်မာပြည် နိုင်ငံရေးပါတီတွေရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် အသုံးပြုမှုဆိုင်ရာ လေ့လာဆန်းစစ်ချက်နဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတာဖြစ်ပြီး  အမျိုးသားတိုးတက်ရေးပါတီ (NDP) ပါတီက ဒုတိယနေရာနဲ့ ကြံ့ခိုင်ရေးပါတီ (USDP) က တတိယအများဆုံး ဖြစ်ပါတယ်။

ဒီပါတီတွေရဲ့နောက်မှာ တိုင်းရင်းသားပါတီကြီးတွေဖြစ်တဲ့ ANP၊ SNLD၊ SNDP နဲ့ ALD တို့က ဖေ့စ်ဘွတ်ခ် Like အများဆုံးနဲ့ အစဉ်အလိုက်ရှိနေသလို မကြာသေးခင်ကမှ  ဖွဲ့စည်းတည်ထောင်ထားတဲ့ ၈၈ မျိုးဆက်တွေ ဦးဆောင်တဲ့ ပြည်သူ့ပါတီကလည်း ဖေ့စ်ဘွတ်ခ် Like အများဆုံး ၁၀ ပါတီ စာရင်းထဲ ပါဝင်နေပါတယ်။

အန်အယ်လ်ဒီပါတီဟာ Like အများဆုံးရရှိထားပေမယ့် ပါတီရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာပ်ါမှာတော့ ပါတီရဲ့လှုပ်ရှားမှုတွေ ဖော်ပြတာ နည်းပါးနေသလို ဇန်န၀ါရီလအတွင်း ပို့စ် ၁၅ ပို့စ်သာတင်ခဲ့ပြီး ပို့စ် ၆ ခုက  ဒီလှိုင်းစာစောင်နဲ့ ပတ်သက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကြံ့ခိုင်ရေးပါတီရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာဟာ တခြားပါတီတွေထက် ပိုမို လှုပ်ရှားသက်ဝင်နေတာကိုတွေ့ရပြီး ဇန်န၀ါရီလအတွင်း ပို့စ်ပေါင်း ၂၀၀ ကျော် တင်ထားတယ်လို့  SMDM သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကြံ့ခိုင်ရေးပါတီဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာတော့ ပါတီဥက္ကဋ္ဌရဲ့ လှုပ်ရှားမှုတွေ၊ ခရီးစဉ်တွေ၊ ပါတီအစည်းအဝေးတွေ၊ ပါတီဝင်သစ်လက်ခံတာတွေ၊ သင်တန်းပေးတာတွေ၊ အလှူ အတန်းပြုတာတွေ၊ ပါတီဆိုင်းဘုတ်ထောင်တာတွေ၊ လူထုတွေ့ဆုံပွဲတွေ၊ သ၀ဏ်လွှာပေးပို့တာတွေ စတဲ့ အကြောင်းအရာတွေကို တင်ပြထားတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ကြံ့ခိုင်ရေးပါတီဟာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ကို သတင်းပြန်ကြားရေးပုံစံနဲ့ ဖော်ပြနေတာတွေ့ရပြီး တခြားပါတီအများစုကတော့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ကို သတင်းပြန်ကြားရေးနဲ့ လူထုဆက်ဆံရေးအတွက် အသုံးပြုမှု နည်းပါးနေတာ လေ့လာတွေ့ ရတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံရေးပါတီအတော်များများ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် စာမျက်နှာဖွင့်ထားပေမယ့် အများစုက Like ရာဂဏန်းနဲ့ ထောင်ဂဏန်းလောက်သာရှိထားပြီး အန်အယ်လ်ဒီ၊ အန်ဒီပီနဲ့ ကြံ့ခိုင်ရေးပါတီတို့ဟာ ဖေ့စ်ဘွတ်ခ်ရဲ့ Blue Mark ရရှိထားပါတယ်။

Blue Mark မရထားတဲ့ ပါတီတွေရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာတွေဟာ အတု၊ အစစ် ခွဲခြားဆန်းစစ်ရတာရှိသလို ရှာဖွေရလည်း အခက်အခဲ ရှိနေတတ်တယ်လို့ မြန်မာဆို ရှယ်မီဒီယာဖွံ့ဖြိုးရေးအဖွဲ့က ဆိုပါတယ်။

 

ဓာတ်ပုံ- MDM

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013