DVB Logo
Home
မြန်မာသတင်း
The Voice Weekly ကို တရားစြဲမႈ တရားရံုးက လက္ခံ
DVB
·
September 20, 2012
The Voice Weekly ကို တရားစြဲမႈ တရားရံုးက လက္ခံ
Donate to DVB

ပြည်တွင်းအပတ်စဉ်ထုတ် The Voice Weekly ဂျာနယ်အပေါ် သတ္ထုတွင်းဝန်ကြီးဌာနက အသရေဖျက်မှုနဲ့  စွဲဆိုထားတာကို  ဒဂုံမြို့နယ် တရားရုံးက ဒီနေ့ လက်ခံလိုက်ပါတယ်။

The Voice Weekly ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက “တရားဥပဒေနဲ့ စွပ်စွဲချက်ဟာ ဥပဒေနဲ့ညီတယ်လို့ တရားစီရင်ရေးဏ္ဍိုင်ကြီးတခုလုံးရဲ့ ကိုယ်စားလို့ပြောလို့ရမယ့် မြို့နယ်အဆင့် တရားရုံးက တရားသူကြီးက ဆုံးဖြတ်ပေးလိုက်တာ။  စွပ်စွဲချက်ကို လက်ခံခြင်းသည် စွပ်စွဲချက်ဟာ ဥပဒေနဲ့ညီတယ်လို့ အဓိပ္ပာယ်သက်ရောက်ပါတယ်။ အစကတည်းက ကျနော်တို့ဟာ ၀န်ကြီးဌာနတခုကို ဂုဏ်သိက္ခာထိခိုက်အောင် ရည်ရွယ်ချက် စိုးစဉ်းမျှ မရှိတဲ့အတွက် ဒီကိစ္စလိပ်ပြာသန့်တယ်။ တရားရုံးက ဒီလိုဆုံးဖြတ်တဲ့အတွက် ပြဿနာမရှိပါဘူး။ ကျနော်တို့က မှန်ကန်ကြောင်း အပြစ်ကင်းကြောင်း၊ နိုင်ငံတော်နဲ့ နိုင်ငံတော်အကျိုးစီးပွားကို ဦးတည်တဲ့အကြောင်း၊ သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်ရေးစနစ် အဲဒါကို ပံ့ပိုးပေးသော သတင်း၊ ပံ့ပိုးပေးတဲ့ သဘောလို့ ခံယူပြီး ဒီသတင်းရေးသားခဲ့တာ။”

မတ်လ ၁၂ ရက်နေ့ထုတ် The Voice Weekly ဂျာနယ်မှာ သတ္တုတွင်းဝန်ကြီးဌာန အမှတ် ၁ သတ္တုတွင်းလုပ်ငန်းပိုင် မုံရွာ ကြေးနီစီမံကိန်း အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းကို ဒေါ်လာသန်း ၁၀၀ နဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် ကို ရောင်းချတာဖြစ်ပေမယ့် တကယ်ငွေပေးချေတော့ တပ်မတော်ပိုင် မြန်မာစီးပွားရေး ဦးပိုင်လီမိတက်အစား နိုင်ငံခြားကုမ္ပဏီတခုက ပေးချေခဲ့တယ်လို့ The Voice ဂျာနယ်မှာ ရေးခဲ့တာပါ။

ဂျာနယ်တာဝန်ရှိသူတွေကတော့ ဒီသတင်းဟာ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး က ငွေစာရင်းကော်မတီကိုတင်ပြတဲ့ အစီရင်ခံစာကို ကိုးကားပြီး ရေးသားထားတာလို့ ဆိုပါတယ်။

ဒါပေမယ့်  သတ္တုတွင်းဝန်ကြီးဌာနက ဒီရေးသားချက်ဟာ မှန်ကန်မှုမရှိဘဲ သူတို့ကို ဂုဏ်သိက္ခာထိခိုက်စေတယ်ဆိုပြီး တရားစွဲဆိုတာပါ။

ဦးကျော်မင်းဆွေက မြန်မာနိုင်ငံရဲ့ တရားရေးစနစ် ဘယ်လောက်အထိ လွတ်လွတ်လပ်လပ် စီရင်တယ်ဆိုတာကို စောင့်ကြည့်မယ်လို့ ပြောပါတယ်။

“ကျနော်တို့ဘက်က လိပ်ပြာသန့်တယ်။ တရားရုံးက ဘယ်လိုပဲ ဆုံးဖြတ် ဆုံးဖြတ် တရားကို နတ်စောင့်တယ်ဆိုတာ ကျနော် ယုံကြည်ပါတယ်။ နောက်တခုက ဒီမိုကရေစီစနစ်မှာ တရားစီရင်ရေးမဏ္ဍိုင်ဟာ နိုင်ငံသားအားလုံးကို ဥပဒေကြောင်းအရ ကာကွယ်ပေးမယ်လို့လည်း ယုံကြည်ပါတယ်။ ဥပဒေနဲ့အညီ နေထိုင်တဲ့နိုင်ငံသားတိုင်း ကျင့်ဝတ်နဲ့အညီ ရေးသားရပ်တည်တဲ့ နိုင်ငံတော်အကျိုးစီးပွားအတွက် စတုတ္ထမဏ္ဍိုင်ထမ်းနေတဲ့ မီဒီယာသမားတိုင်းကိုလည်း အခြေခံဥပဒေကရော၊ တည်ဆဲဥပဒေကရော ကာကွယ်ပေးမယ်လို့ ကျနော် ယုံကြည်နေဆဲပါ။ သို့သော် ရှေ့လျှောက် တရားခွင်တွေမှာတော့ ကျနော်တို့မျှော်လင့်ထားတဲ့ လွတ်လပ်သော တရားစီရင်မှုဟာ ဘယ်လိုဘယ်ပုံ စီရင်ဆုံးဖြတ်မယ်ဆိုတာကတော့ ကျနော်တို့ ပိတ်ကားပေါ်မှာ စောင့်ကြည့်ရမယ်။”

ရန်ကုန်အခြေစိုက် သတင်းလောကသားတွေအကြားမှာတော့  ဒီတရားစွဲဆိုမှုဟာ ကျန်သတင်းဌာနတွေကိုလည်း ခြိမ်းခြောက်သလိုဖြစ်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။

သတ္တုတွင်းဝန်ကြီးဌာနက ဂျာနယ်အပေါ် စတင်တရားစွဲစဉ်တုန်းက သတ္တုတွင်းဝန်ကြီးဖြစ်တဲ့ ဦးသိန်းထိုက်ဟာ အခုအခါ ပြည်ထောင်စုစာရင်းစစ်ချုပ် တာဝန်ကို ပေးအပ်ခံထားရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013