DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ဆင်ရေး တပ်မတော်အပါအ၀င် အားလုံးပူးပေါင်းပါဝင်ရန် တိုက်တွန်း
DVB
·
January 31, 2019
ဖွဲ့စည်းပုံပြင်ဆင်ရေး တပ်မတော်အပါအ၀င် အားလုံးပူးပေါင်းပါဝင်ရန် တိုက်တွန်း
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်တဲ့ နေရာမှာ ပါတီတစုတဖွဲ့၊ ပုဂ္ဂိုလ်တဦးတယောက်ထဲက ပြင်လိုက်တဲ့ပုံစံမျိုး မဖြစ်စေချင်ဘဲ အားလုံးပူးပေါင်းပါဝင်ကြဖို့  ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ ပူးပေါင်း ကော်မတီဖွဲ့ဖို့ အဆိုတင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

အားလုံးပူးပေါင်းပါဝင်ပြီး ညှိညှိနှိုင်းနှိုင်းနဲ့ ဘာတွေပြင်မယ်၊ ဘာတွေ မပြင်ဘူးဆိုတာ၊ လုပ်ဆောင်ဖို့ ဒီလို လုပ်ဆောင်ရာမှာ ဘယ်သူတွေနဲ့ ပူးပေါင်းမယ်၊ ဘယ်သူတွေနဲ့ မပူးပေါင်းဘူးဆိုတာလည်း ကြိုတင်သတ်မှတ်ထားတာ မရှိဘူးလို့  ပြောပါတယ်။

အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က “အကောင်းဆုံးကတော့ ရှင်းရှင်းပြောရင် ဘယ်အစုရဲ့ အကျိုးစီးပွားအတွက်၊ ဘယ်အစုကို ဖယ်ထုတ်ဖို့၊ ဘယ်အစုကို လက်ခံဖို့ဆိုတဲ့ ပုံစံမျိုးနဲ့သွားမယ့်အစား လက်ရှိ ရှိတဲ့ အနေအထားကနေပြီးတော့ တကယ် အနာဂတ်နိုင်ငံတော်နဲ့ အခုသွားနေတဲ့လမ်းကြောင်းနဲ့ ထာဝရငြိမ်းချမ်းရေးတို့ ပြည်တွင်း ငြိမ်းချမ်းရေးရရှိရေးဆိုတဲ့ ကိစ္စရပ်တွေကို အထောက်အကူပြုပေး သွားစေနိုင်မယ့် ဥပမာ တိုင်းရင်းသားတွေ အပါအ၀င်၊ လက်နက်ကိုင်အဖွဲ့ အစည်းတွေ အပါအ၀င် အားလုံးဟာ အပြန်အလှန်ယုံကြည်မှုကို ရရှိသွားစေနိုင်မယ့် ရှု့ထောင့်တခု၊ အဆင့် တခုကိုများ လုပ်ပေးလိုက်နိုင်မယ်ဆိုရင်တော့ နိုင်ငံတော်အတွက် သိပ်ကောင်းမှာဘဲဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒါ တင်ပေးတာပဲ ရိုးရိုးလေးပါပဲ”လို့ ပြောပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီကို သင့်တော်တဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းဖို့ တိုက်တွန်းကြောင်းအဆိုတင်သွင်းတာဟာ လုပ်ထုံးလုပ်နည်းမညီ တဲ့အတွက် ကန့်ကွက်ပေမယ့် ဥပဒေပြင်ဆင်ရေးကိုတော့ လက်ခံတယ်လို့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် အစု အဖွဲ့က ပြောထားပါတယ်။

ဒီအဆိုအတည်ပြုဖို့ မဲပေးတာမှာတော့ တပ်မတော်သား အမတ်တွေက မဲမပေးခဲ့ဘဲ ဥပဒေပြင်ဆင်ရေးမှာ ပါဝင်ဆွေးနွေးဖို့ စဉ်းစားအဖြေရှာဦးမယ်လို့လည်း ဆိုထားပါတယ်။

ဒါနဲ့ပတ်သက်ပြီး အဆိုရှင် ဦးအောင်ကြည်ညွန့်က “အထူးဖိတ်ခေါ်စရာ မလိုဘူးလေ။ ဒါကတာဝန်ပဲ။ ဖိတ်မှလာရမှာမှ မဟုတ်ဘဲ။ မဖိတ်လဲ လာရမှာပဲလေ၊ ဘာလို့လည်းဆို လွှတ်တော်ထဲမှာပဲ ရှိနေကြတာကို။ နောက်ပြီးတော့ ဟိုနေ့က ဗိုလ်မှူးချုပ်မောင်မောင် ပြောသွားတာက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ကန့်ကွက်တာ မဟုတ်ဘူးလို့လည်း ပြောထားတာလေ။ အဲတော့ ပူးပေါင်းပါဝင်ရမှာပေါ့။ သက်သက်အထူးတောင် ဖိတ်စရာမလိုဘူး။ အဲတော့ တခုရှိတာပေါ့။ အားလုံးညီမျှတဲ့ ပါတီတွေကလည်း အစုံပါရအောင်၊ တပ်မတော်ကလည်း ပါရအောင် ဒီကော်မတီက အကောင်အထည်ဖော် ဆောင်ရွက်ဖို့ပဲရှိတာလေ။ နောက်ပိုင်း တကယ်တန်းကျတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်တဲ့ မူကြမ်းရေးဆွဲ တင်သွင်းတာ နောက်ထပ်လုပ်ငန်းစဉ်တွေ ဆက်သွားမှာပေါ့”လို့ဒီကနေ့ လွှတ်တော် အစည်းအဝေး အပြီးမှာ ပြောပါတယ်။

ဒီကနေ့ ဇန်န၀ါရီလ ၃၁ ရက်နေ့မှာလည်း တပ်မတော်အစုအဖွဲ့က ဒီအဆိုတင်တာဟာ လုပ်ထုံးလုပ်နည်းနဲ့ မညီတဲ့အတွက် ပြည်ထောင်စုလွှတ်တော်နာယကထံ ကန့်ကွက်စာ ထပ်တင်ထားပါတယ်။

ဒီကနေ့ မိထ္ထီလာတပ်နယ်မှာ ကျင်းပတဲ့ တပ်မတော်(ကြည်း)(လေ)၊ အမြောက်နဲ့ သံချပ်ကာ ပူးပေါင်း စစ်ဆင်ရေးအခမ်းအနားမှာတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို အရင်ကတည်းက သဘောတူထားပြီး စနစ်တကျပြင်ဖို့နဲ့ ပြင်သင့် ပြင်ထိုက်တာကို ပြင်သင့်ပြင်ထိုက်တဲ့အချိန်မှာ ပြင်ဖို့ ကာကွယ်ရေး ဦးစီးချုပ်က မီဒီယာတွေကို ဖြေဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013