
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာတပ်နယ် (မုန်တိုင်)မှာ မြန်မာ့တပ်မတော် ကြည်းတပ်၊ လေတပ်၊ အမြောက်တပ်နဲ့ သံချပ်ကာတပ်တွေဟာ ဘုရင့်နောင်လို့ အမည်ပေးထားတဲ့ ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်မှု ဒီကနေ့ ပြုလုပ်သွားပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအ၀င် တပ်မတော်အကြီးအကဲတွေ တက်ရောက် ကြည့်ရှူအားပေးခဲ့ကြပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ သဘောတူတဲ့အကြောင်းနဲ့ ပြင်သင့်ပြင်ထိုက်တဲ့အချိန်မှာ ပြင်ဖို့ စစ်ရေးလေ့ကျင့်ပွဲအပြီးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မီဒီယာတွေကို ပြောသွားပါတယ်။
ဓာတ်ပုံ- ကာချုပ်ရုံး










