DVB Logo
Home
မြန်မာသတင်း
ဒုရဲမှူးဟောင်း မိုးရန်နိုင် ပြန်လွတ်မြောက်လာရန် မိသားစုမျှော်လင့်
DVB
·
January 31, 2019
ဒုရဲမှူးဟောင်း မိုးရန်နိုင် ပြန်လွတ်မြောက်လာရန် မိသားစုမျှော်လင့်
Donate to DVB

ရိုက်တာသတင်းထောက်တွေ ဖမ်းဆီးခံရတဲ့အမှုနဲ့ ဆက်နွှယ်ပြီး ထောင်ဒဏ်ချခံနေရတဲ့ ဒုရဲမှူးဟောင်း မိုးရန်နိုင်ဟာ မနက်ဖြန် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အင်းစိန်အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာဖို့ သူ့ရဲ့ မိသားစုက မျှော်လင့်နေပါတယ်။

ဦးမိုးရန်နိုင်ရဲ့ ညီဖြစ်သူ ကိုရဲဝင်းနိုင်က “လွတ်လွတ်ခြင်းကတော့ ခင်ဦးကိုပဲ အစ်ကိုက တိုက်ရိုက်ပြန်မှာပါ။ အဖေက သူ့ဆီအရင်ဆုံးလာဖို့လည်း မှာထားတယ်လေ။ သူ့အမျိုးသမီးကတော့ ခင်ဦးကနေ မနေ့ကတည်းက ထွက်လာတာ။ ဒီညတော့ ရန်ကုန်ရောက်မယ်၊ ကျနော်က နေပြည်တော်ကနေ လာမှာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး မီဒီယာတွေကလည်း ဖုန်းဆက်ပြောကြတယ်။ ထောင်တာဝန်ရှိသူတွေက မနက်ဖြန် ဖေဖော်ဝါရီ ၁ရက်မှာ ထောင်ကလွတ်မယ်ဆိုပြီးတော့ပေါ့။ ဒါပေမဲ့ မိသားစုဝင်တွေကို ထောင်ကတော့ တရားဝင်ပြောတာတော့မရှိသေးဘူး”လို့ ပြောပါတယ်။

ရိုက်တာသတင်းထောက်နှစ်ဦးကို ရဲမှူးချုပ်တင်ကိုကိုက ထောင်ချောက်ဆင် ဖမ်းဆီးခိုင်း ခဲ့တာလို့ ဒုရဲမှူးဟောင်း မိုးရန်နိုင်က တရားရုံးက ထွက်ဆိုပြီးတဲ့နောက် ရဲစည်းကမ်းဥပဒေ ဖောက်ဖျက်မှုနဲ့ ဧပြီ ၂၇ရက်နေ့မှာ အလုပ်ကြမ်းနဲ့ထောင်ဒဏ် တနှစ်ချခံခဲ့ရပြီး မိသားစုဝင်တွေ ကလည်း နေအိမ်လိုင်းခန်းက ဖယ်ရှားခံခဲ့ရပါတယ်။

ဒုရဲမှူးဟောင်း မိုးရန်နိုင်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ရက်နေ့က အကျဉ်းထောင်ကနေ ပြန်လွတ်မြောက်မယ်လို့ သတင်းရတာကြောင့် မိသားစုဝင်တွေက ထောင်ရှေ့မှာ သွားရောက် စောင့်ဆိုင်းခဲ့ပေမယ့် လွတ်မြောက်လာခြင်းမရှိခဲ့ပါဘူး။

ပြန်လွတ်မယ့်ရက်ကို မှားယွင်းတွက်ချက်မိတာဖြစ်တယ်လို့ ထောင်အာဏာပိုင်တွေက မိသားစုဝင်တွေကို ပြန်လည်တောင်းပန်ခဲ့ပါတယ်။

ဒုရဲမှူးဟောင်း မိုးရန်နိုင် မနက်ဖြန် ပြန်လည်လွတ်မြောက်မယ်၊ မလွတ်မြောက်ဘူးဆိုတာ သေသေချာချာသိရဖို့  အင်းစိန်အကျဉ်းထောင် တာဝန်ရှိသူတွေကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းလို့ မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ရက်နေ့မှာ ဒုရဲမှူးဟောင်း မိုးရန်နိုင်ကို မြန်မာကလောင်ရှင်များအဖွဲ့ ပဲန်မြန်မာကနေ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထူးချွန်စွာကာကွယ်သူဆု ရွေးချယ် ချီးမြှင့်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013