DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီအတည်မပြုနိုင်ရန် ကြံ့ခိုင်ရေးပါတီ ကန့်ကွက်ဆွေးနွေးမည်
DVB
·
January 31, 2019
ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီအတည်မပြုနိုင်ရန် ကြံ့ခိုင်ရေးပါတီ ကန့်ကွက်ဆွေးနွေးမည်
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းဖို့ကိစ္စ  လွှတ်တော်က အတည်မပြုနိုင်အောင် ကန့်ကွက် ဆွေးနွေးသွားမယ်လို့ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်အစု အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ ဆုံးဖြတ်ထားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းရေး အရေးကြီးအဆိုကို ဆွေးနွေးဖို့ ဒုတိယ အင်အားအကြီးဆုံး ပါတီတစ်ခုဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ ပြင်ဆင်နေပါတယ်။

ဒီလိုဆွေးနွေးတဲ့ အခါမှာ တပ်မတော်နဲ့အတူ ရပ်တည်ပြီး အဆိုကို လွှတ်တော်အနေနဲ့ အတည်ပြုနိုင်ခြင်းမရှိအောင် ကန့်ကွက်တဲ့ဘက်ကနေ ဆွေးနွေးသွားမယ်လို့ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် အစုအဖွဲ့ခေါင်းဆောင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ပြောပါတယ်။

အရေးကြီးအဆိုတင်သွင်းတုန်းက အားလုံးမတ်တပ်ရပ် ကန့်ကွက်ခဲ့ပြီး မဲခွဲဆုံးဖြတ်တဲ့ အခါမှာလည်း ပါဝင်မဲပေးခြင်းမရှိခဲ့တဲ့ တပ်မတော်သားကိုယ်စားလှယ်တွေ အနေနဲ့လည်း အဆိုဆွေးနွေးတဲ့အခါ ပါဝင်ဆွေးနွေးဖြစ်ပါက အဆင်သင့်ဖြစ်စေဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားပြီး ဖြစ်တယ်လို့ တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် မောင်မောင်က ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ တပ်မတော်သားကိုယ်စားလှယ်တွေအနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့ဆို့တိုက်တွန်းတဲ့ အဆိုဟာ ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့ ကိုက်ညီမှုမရှိလို့ တပ်မတော်ရဲ့ သဘောတူညီချက်အရ လွှတ်တော်နာယကထံသို့ ကန့်ကွက်စာ ပေးပို့ထားတယ်လို့လည်း   တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် မောင်မောင်က ပြောပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီမှာ  တပ်မတော်သား ကိုယ်စားလှယ်တွေလည်း ပါဝင်နိုင်ပြီး ပြည်ထောင်စု လွှတ်တော်အတွင်းကို ရောက်ရှိနေတဲ့ နိုင်ငံရေးပါတီအသီးသီးက ကိုယ်စားလှယ်တွေ တသီးပုဂ္ဂလတွေကို ထည့်သွင်းဖွဲ့စည်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013