DVB Logo
Home
မြန်မာသတင်း
ဖြူဖြူကျော်သိန်းနှင့် အာရှအဆိုတော်များသီဆိုထားသည့် ထိုင်းရုပ်ရှင်ဇာတ်ဝင်တေး (ရုပ်သံ)
DVB
·
January 31, 2019
ဖြူဖြူကျော်သိန်းနှင့် အာရှအဆိုတော်များသီဆိုထားသည့် ထိုင်းရုပ်ရှင်ဇာတ်ဝင်တေး (ရုပ်သံ)
Donate to DVB

    မြန်မာနာမည်ကြီး အမျိုးသမီးတေးသံရှင် ဖြူဖြူကျော်သိန်းပါဝင်သီဆို ထားတဲ့ ထိုင်းရုပ်ရှင်ဇာတ်ဝင်တေးတပုဒ်ဟာ နာရီပိုင်းအတွင်းမှာ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ တသန်းကျော်ရှိနေခဲ့ပါတယ်။

    Friend Zone ระวังสิ้นสุดทางเพื่อน လို့ အမည်ရတဲ့ အဆိုပါရုပ်ရှင်ကားရဲ့ ဇာတ်ဝင်တေးကိုတော့ မြန်မာနိုင်ငံမှ တေးသံရှင် ဖြူဖြူကျော်သိန်းအပါအ၀င် အာရှနိုင်ငံတွေ က အဆိုတော်တွေ အတူသီဆိုထားခဲ့ကြတာ ဖြစ်ပါတယ်။

    သူငယ်ချင်း ချစ်သူတွေကြားက ချစ်စရာကောင်းတဲ့ ပျော်ရွှင်ကြည်နူးစရာ ဇာတ်ဝင်ခန်းတွေနဲ့ ရှုစားကြရမယ့် ဒီရုပ်ရှင်ကားကိုတော့ မြန်မာနိုင်ငံမှာ မကြာခင်မှာ ရုံတင်ပြ သသွားဖို့ ရှိနေတာပါ။

    လက်ရှိထွက်လာခဲ့တဲ့ ရုပ်ရှင် ဇာတ်ဝင်တေးထဲမှာတော့ ဇာတ်ဝင်ခန်းပုံရိပ်တွေနဲ့ အတူ မြန်မာနိုင်ငံမှ အဆိုတော် ဖြူဖြူကျော်သိန်းအပါအ၀င် တခြားနိုင်ငံတွေဖြစ်ကြတဲ့ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ တရုတ်၊ မလေးရှား၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ထိုင်းနိုင်ငံတွေက အဆိုတော်တွေ သီဆိုထားကြတာပါ။

    “နှစ်ကိုယ်တူ အချစ်တို့ အားကောင်းဆဲ မဟုတ်လား… နှစ်ကိုယ်တူ တို့အိပ်မက်ထဲ တွေ့နိုင်မလား… ဒီလို မပြောင်းလဲသွားတဲ့ အချစ်တွေနဲ့… ရှင်ချစ်မြဲလို့ ကြွေးကြော်ထပ် ပြောဦး” ဆိုတဲ့ မြန်မာလို သီဆိုထားတဲ့ တေးသီချင်းစာသားအပြင် တခြားအဆိုတော် တွေရဲ့ သူတို့ရဲ့ ဘာသာစကား အသီးသီးနဲ့ သီဆိုသရုပ်ဆောင်မှုတွေကိုလည်း ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။

    ဖြူဖြူကျော်သိန်းဟာ လုံးဝမသက်ဆိုင်တော့ပါ အမည်ရတဲ့ တကိုယ်တော် တေးအယ်လ်ဘမ်နဲ့ ဂီတလောကထဲကို ၀င်ရောက်လာခဲ့ပြီးနောက်ပိုင်းမှာ အတွဲခွေတွေမှာ ရော၊ တကိုယ်တော်တေးအယ်လ်ဘမ်တွေမှာပါ သီချင်းပေါင်းများစွာနဲ့ သီဆိုအောင်မြင်ခဲ့သူ တဦးဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013