DVB Logo
Home
မြန်မာသတင်း
မလေးရှားတွင် အလုပ်သွားလုပ်မည့် မြန်မာ ၁၉ ဦး ထိုင်းတွင် ဖမ်းဆီးခံရ
DVB
·
January 31, 2019
မလေးရှားတွင် အလုပ်သွားလုပ်မည့် မြန်မာ ၁၉ ဦး ထိုင်းတွင် ဖမ်းဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံကနေတဆင့် မလေးရှားနိုင်ငံကို အလုပ်သွားလုပ်မယ့် မြန်မာအလုပ်သမား ၁၉ ဦးဟာ ထိုင်းနိုင်ငံ အနောက်ပိုင်း ပရကျူတ်ခီရီခန်ခရိုင်ထဲမှာ ဖမ်းဆီးခံခဲ့ရပါတယ်။

နယ်မြေတွင်း ရာဇ၀တ်မှုနှိမ်နင်းရေးနဲ့ တရားမ၀င် ၀င်ရောက်မှုကိုကာကွယ်ရေးအတွက် အမှတ် ၁၉ နဲ့ ၁၄၆ တပ်ရင်းလက်အောက်ခံ ထိုင်းစစ်တပ် တပ်ဖွဲ့ဝင်နဲ့ တာဝန်ရှိသူတွေဟာ နယ်စပ်တလျှောက်စောင့်ကြပ်စစ်ဆေးစဉ် မနေ့ မနက်စောစောက ဟုပ်ဖိန့်တော လမ်းဘက်ကနေ ၀င်ရောက်လာတဲ့ အီဇူးစူးအပြာရောင်ကားတစီပေါ်ကနေ တရားမ၀င် ၀င်ရောက်လာသူတွေကို ဖမ်းဆီးရမိခဲ့တာလို့ အမှတ် ၁၉ တိုက်ခိုက်ရေးတပ် တပ်ရင်းမှူး ဖိချိတ် ဟတ်ဒီ ဖန်းက ပြောပါတယ်။

အဆိုပါကားကို ထိုင်းလူမျိုး နိုင်းလုန့်ချိုင်းကမောင်းနှင်ပြီး ဘေးမှာ နိုင်းကျရေ၀ပ် ဆိုသူက ထိုင်လိုက်လာကြောင်း၊ နောက်ခန်းကို စစ်ဆေးရာမှာတော့ မြန်မာနိုင်ငံသား ၁၉ ဦး လိုက်ပါ လာတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် သူတို့ ၁၉ ယောက်လုံးဟာ ထိုင်းနိုင်ငံထဲကို တရားဝင်ဝင်ရောက်လာတဲ့ အထောက်အထား မရှိတာကြောင့် နိုင်ငံထဲတရားမ၀င် ၀င်ရောက်လာမှုနဲ့ အရေးယူခံရမှာ ဖြစ်ပါတယ်။

သူတို့ကို ခေါ်ဆောင်လာတဲ့ ထိုင်းအမျိုးသား နှစ်ဦးကိုလည်း ထိုင်းနိုင်ငံထဲကို တရားမ၀င်လူ တွေခေါ်ဆောင်လာမှု၊ တရားမ၀င်လူတွေ အဖမ်းမခံရဖို့ အားပေးကူညီ သိုဝှက်ပေးမှုတွေနဲ့ အရေးယူခံရမှာဖြစ်တယ်လို့ ထိုင်းတပ်ရင်းမှူးက ပြောပါတယ်။

ကိုးကား - ပရကျူတ်ပို့စ်နယူးစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013