DVB Logo
Home
မြန်မာသတင်း
မော်လမြိုင်တွင် မှန်လုံယာဉ်နှင့် လိုက်ထရက်ကားတိုက်မိ၍ ၃ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ
DVB
·
January 31, 2019
မော်လမြိုင်တွင် မှန်လုံယာဉ်နှင့် လိုက်ထရက်ကားတိုက်မိ၍ ၃ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ
Donate to DVB

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရခိုင်ကုန်းအနီးမှာ ဇန်န၀ါရီ ၃၁ ရက်နေ့က ခရီးသည်တင်မှန်လုံယာဉ်တစီးနဲ့  လိုက်ထရက်ယာဉ်တစီး တိုက်မိလို့ နေရာမှာပဲ ၃ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ မော်လမြိုင်မြို့မ ရဲစခန်းက ပြောပါတယ်။

မော်လမြိုင်- မုဒုံလမ်းမကြီး ရခိုင်ကုန်းရပ်ကွက်အနီးမှာ ဒီမနက် ၁၂နာရီကျော်လောက်က ထားဝယ်ကနေ မော်လမြိုင်ကို ထွက်လာတဲ့ မိုးကောင်ကင် ခရီးသည်တင်မှန်လုံယာဉ်နဲ့ မုဒုံ- မော်လမြိုင် ပြေးဆွဲနေတဲ့ လိုက်ထရက်ကားတို့ တိုက်မိပြီး လိုက်ထရက်ကားပေါ် ပါလာသူ အမျိုးသား ၃ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၃ ဦးဒဏ်ရာရရှိခဲ့လို့ မော်လမြိုင်ဆေးရုံကြီးကို ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

ဒီယာဉ်တိုက်မှုကို ကူညီကယ်ဆယ်ခဲ့တဲ့ ဘိုဘိုဝင်းလူမှုကယ်ဆယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘိုဘိုဝင်းက “မိုးကောင်းကင်ကားက တဘက်ယာဉ်ကြောကို ကျော်တက်ရင်းနဲ့ လိုက်ထရက် ကားကို ညာဘက်ချင်းတိုက်မိသွားတာ။ လိုက်ထရက်ပေါ်က လူကြီး ၃ ယောက်တော့ ဆုံးသွား တယ်။ ဒဏ်ရာရလူနာတွေကတော့ ဒဏ်ရာမပြင်းထန်တဲ့အတွက် စိုးရိမ်ရတဲ့အနေအထားမျိုး မရှိဘူး” လို့ ပြောပါတယ်။

သေဆုံးသူတွေဟာ အသက် ၄၀ ၀န်းကျင်အရွယ် မုဒုံမြို့နယ် ယထက တွဲဖက်အတွင်းရေးမှူး ဦးညွန့်ဝင်းနဲ့  မုဒုံမြို့ဒေသခံ ဦးမျိုးဝင်းအောင်နဲ့ ဦးတင်ကိုတို့ဖြစ်ပြီး မှန်လုံယာဉ်ပေါ်ပါလာတဲ့ ခရီးသည်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ မော်လမြိုင်မြို့မ ရဲစခန်းက ပြောပါတယ်။

မော်လမြိုင်မြို့မ ရဲစခန်းမှူး ဒုရဲမှူးသန့်ဇင်က “ မှန်လုံကားက အရှေ့က ဆိုင်ကယ်ကို ကျော်တက်ရင်းနဲ့ တဖက်ကလာတဲ့ ကားကိုလာတိုက်တာ။ မှန်လုံကားပေါ်က ခရီးသည်တွေ တယောက်မှ ဒဏ်ရာမရပေမယ့် ယာဉ်မောင်းတော့ ပွန်းပဲ့ဒဏ်ရာရတယ်။ အခုအမှုဖွင့်ထားတာက မှန်လုံယာဉ်မောင်းကိုပဲ အမှုဖွင့်ထားတယ်။ မှားတဲ့ဘက်ကိုပဲ အမှုဖွင့်အရေးယူတယ်။ယာဉ်ကြီးကြီး သေးသေးပါ။” လို့ ပြောပါတယ်။

ဒီယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး မိုးကောင်းကင်ယာဉ်မောင်း ကျော်စွာလင်းကို ယာဉ်မဆင်မခြင်မောင်းနှင်မှု ပုဒ်မ ၃၃၈/၃၀၄ (က) နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

သတင်း -အာကာမင်း၊ ဓာတ်ပုံ - လူမှုကယ်ဆယ်ရေးအဖွဲ့များ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013