
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သမီးလှရွာသစ်မှာ လက်နက်ကြီးကျည်စ ထိမှန်သေဆုံးခဲ့တဲ့ အသက် ၇ နှစ်အရွယ် ကလေးငယ် မောင်နိုင်စိုးကို ဇန်နဝါရီ ၃၀ ရက် နေ့လယ်ပိုင်းက သူ့ရဲ့မွေးရပ်မြေ သမီးလှကျေးရွာသင်္ချိုင်းမှာ ဂူသွင်းသင်္ဂြိုဟ်ခဲ့ပါတယ်။
မောင်နိုင်စိုးဟာ ဇန်နဝါရီ ၂၆ ရက်က ရသေ့တောင်မြို့နယ်၊ သမီးလှကျေးရွာအနီးမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ)တို့အကြား တိုက်ပွဲမှာ ဦးခေါင်းကို လက်နက်ကျည်စ ထိမှန်ပြီး ဇန်နဝါရီ ၂၈ ရက်က စစ်တွေဆေးရုံကနေ ရန်ကုန်ဆေးရုံကို ပို့ဆောင်ချိန် သေဆုံးသွားခဲ့တာပါ။
မောင်နိုင်စိုးရဲ့ဈာပနကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အနီး အနားကျေးရွာတွေက ဒေသခံ ၁၀၀၀ နီးပါလာရောက်ကြည့်ရှုခဲ့ကြပါတယ်။
သမီးလှကျေးရွာကို လက်နက်ကြီးကျည်တွေနဲ့ ပစ်ခတ်မှုတွေကြောင့်အရပ်သား ၆ ဦးထက်မနည်းဒဏ်ရာရ ရှိခဲ့ပြီး လူနေအိမ်တွေလည်း ပျက်စီးသွားခဲ့ပါတယ်။
ဝဏ္ဏခွာညို











